PDF တွေကို လူထု စိုက်ခင်းတွေ ခူးရောင်းတယ်လို့ သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

မကွေးတိုင်း မင်းတုန်းမြို့နယ်က ဒေသခံ တောင်သူတွေရဲ့ ငရုတ်စိုက်ခင်းကို PDF တွေက ဝင်ခူးပြီး ပြန်ရောင်းစား တယ်ဆိုတဲ့ သတင်းအမှား တစ်ခုကို Kyaw Kyaw ဆိုတဲ့ Facebook အကောင့်တစ်ခုက ဒီဇင်ဘာလ ၁၄ ရက်နေ့ က တင်ထားပါတယ်။

PDF တွေ ငရုတ်သီးခူးနေတဲ့ ဓာတ်ပုံကို အသုံးပြုထားတဲ့အပြင် PDF တွေဟာ ဓားပြတွေ၊ သူခိုးတွေဆိုပြီးတော့ လည်း ရေးထားပါတယ်။

Kyaw Kyaw က “မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်သမား PDF တွေက ဒေသခံတောင် သူ တွေရဲ့ ငရုတ်စိုက်ခင်းတွေကို စည်းကမ်းမဲ့ခူးယူမှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရတယ်…. ” လူကို အန္တရာယ်မပြုဘဲ သူတို့စားဖို့လောက်ခူးတာဆိုရင်တော့ တော်သေးတာပေါ့ဗျာ အခုဟာက ကျွန်တော်တို့ ချွေးနဲ့ သွေးနဲ့ စိုက်ထားတဲ့စိုက်ခင်းတွေကို သူတို့က ခူးပြီး ရောင်းစားနေကြတယ်ဗျာ” ဟု ၎င်းကဆိုသည်…. လက်ကြော မတင်းတဲ့ကောင်တွေ အကြမ်းဖက်သမားဖြစ်ပြီးလက်နက်ရသွားတာ ဓားပြတိုက်စားလိုက် ခိုး စလိုက်နဲ့ အရသာတော်တော်တွေ့နေကြပြီထင်တယ်” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

အဲဒီရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ PDF တွေက ဒေသခံ တောင်သူ တွေရဲ့ ငရုတ်စိုက်ခင်းကို ဝင်ခူးတာ မဟုတ်ပဲ သွားရောက်ကူညီခဲ့တာလို့ Eagle Force ဆိုတဲ့ PDF ပူးပေါင်းအဖွဲ့ က ဓာတ်ပုံနဲ့တကွ ထုတ်ပြန် ပြောဆိုထားလို့ပဲ ဖြစ်ပါ တယ်။

ပြီးတော့ Kyaw Kyaw ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာလည်း PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထဲက ဓာတ်ပုံ တွေဖြစ်ပြီး ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ သွေဖယ်ပြီး သတင်းကို ရေးသားထားပါတယ်။

Eagle Force ဆိုတဲ့ PDF ပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားတာကို ဒီမှာ ဝင်ကြည့် လို့ရပါတယ်။

ဒါ့အပြင် မြေလတ်အသံ သတင်းဌာနက ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ Kyaw Kyaw ဆိုသူရဲ့ ရေးသားမှုဟာ အဲဒီဒေသက မဟုတ်တဲ့ ပြည်သူတွေက PDF တွေကို ဓားပြတိုက်စားနေတဲ့သူတွေ၊ သူခိုးတွေလို့ အထင်အမြင်လွဲအောင်၊ မကူ ညီအောင် ၊ မထောက်ပံ့အောင်၊ ကြောက်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ လုပ်ကြံဖန်တီး ရေးသားထားတဲ့ သ တင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

Kyaw Kyaw ဆိုသူရဲ့ ရေးသားမှုကို လက်ရှိ အချိန်အထိ ထပ်ဆင့် ဖြန့်ဝေသူ ၂၅၀ နီးပါးအထိ ရှိနေပြီး ကြိုက်နှစ် သက်သူ နဲ့ သဘောထား မှတ်ချက်ပေးသူတွေလည်း ရှိနေပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။