စစ်ကောင်စီလက်ထက် အိမ်ပေါင်း လေးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့ အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း လေးသောင်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂ သောင်း ၇ ထောင်ကျော် နဲ့ အများဆုံး၊ မကွေးတိုင်းက ၈ ထောင်နီးပါးနဲ့ ဒုတိယအများဆုံး၊ ချင်းပြည်နယ်က ၁ ထောင့် ငါးရာ နီးပါး နဲ့ တတိယအများဆုံးဖြစ်ပါတယ်။