ရေး ထွေအုပ်ရုံးကို ရေးဘီလူးအဖွဲ့ ဝင်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ရေးဘီလူးအဖွဲ့က ၄၀ မမ ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ရေးမြို့အလယ်ရှိ ထွေအုပ်ရုံးကို ရေးဘီလူးအဖွဲ့က ၄၀ မမ ကျည် ၄ လုံးဖြင့် ဇန္နဝါရီလ ၆ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင် အချိန်ခန့်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့ ထွေအုပ်ရုံး ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုမူ မသိရ ဘူးဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရေးမြို့လယ်မှာရှိတဲ့ ထွေအုပ်ဌာနဆိုင်ရာရုံးကို ကျနော်တို့ ရေးဘီလူးအဖွဲ့က ၄၀ မမ ၄ လုံး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်။မနက် ၆ နာရီလောက်မှာ ၄၀ မမတွေကို သုံးပြီးတော့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အထိအခိုက်ကိုတော့ အတိအကျမသိသေးပါဘူး ဟု ပြောသည်။

ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရေးဘီလူးအဖွဲ့ဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်နှင့် မြို့အဝင်အထွက် နေရာများကို စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

မြို့ခံ လူငယ်တစ်ဦးက မနက်က သေနတ်သံကြားရပြီးတော့ မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကြပ်ထားတယ်။ စစ်ဆေးမှုတွေလည်း ရှိတယ် ဟု ပြောသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း ဝင်ရောက်တိုက်ခိုက်မှု ဆက် တိုက် ပြုလုပ်လာခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အရပ်သားဝန်ထမ်းနှင့် ဒေသအတွင်း စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံရသည့်သူများကိုလည်း မကြာခဋ္ဌ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်။

ရှေ့ဆက်လည်း စစ်ကောင်စီသတင်းပေး ဒလန်များ၊ စစ်တပ်နှင့် ပူးပေါင်းသူများကို ပစ်ခတ်ရှင်းသွားမည်ဟု ရေး ဘီလူးအဖွဲ့က ထုတ်ပြန်ထားသလို အုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်သောဝန်ထမ်းများကိုလည်း ရာထူး တာဝန်များမှ နှုတ်ထွက်ကြဖို့လည်း သတိပေး ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီတပ်ကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေ ပေးမည်ဖြစ်ကြောင်း တန်ပြန် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရေးဘီးအဖွဲ့ ခေါင်းဆောင်၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း 

ရေးမြို့ရှိ လဝကရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ချိပ်ပိတ်လိုက်သည်ဟု မြို့ခံများက သတင်းနှင့်မီဒီယာ ကွန် ရက် သတင်းဌာနကို ပြောဆိုထားသည်။