အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ပြီး အုပ်ချုပ်ရေးမှူးကားကို ဖောက်ခွဲ ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။

စစ်ကောင်ခန့် အုပ်ချုပ်ရေးမှူးတစ်ဦး၏ အိမ်ကို PDF များဝင်က ရောက်တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး၏ ကား ကိုလည်း ဖောက်ခွဲဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာတွင် ဇန္နဝါရီလ ၇ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့် က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးပြား၏ အိမ်ကို သရက်၊ မင်းတုန်း၊ ကံမ ပူးပေါင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင် အယောက် ၂၀ ခန့်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

အသက် ၄၀ အရွယ် မင်းတုန်းဒေသခံတစ်ဦး က ”အုပ်ချုပ်ရေးမှူး ဖိုးပြားကို ကြိမ်းနေတာကြာပြီ။ သူကြောင့် ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်ရတာများပြီ။ ထွေအုပ်နဲ့ စကစရဲ့ တကယ့် ဒလံအကြီးစားပေါ့” ဟု ပြော သည်။

စပါးတန်းကျေးရွာ အုပ်ချုပ်ရေးမှူးဖိုးပြားကို လုံခြုံယူရေးပေးထားသည့် အစောင့်အရှောက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ နှင့်အတူ အရက်သောက်နေကြစဉ် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးဖိုးပြားသည် သူ၏မိသားစု နေထိုင်သော စပါးတန်းကျေးရွာ ထိပ်ရှိ နေအိမ်က ဝပ်ရှော့တွင် ညပိုင်းတွင် မနေဘဲ အိမ်နှင့် ၃ ဖာလုံခန့် ဝေးသော ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ဘိလိယက်ခုံနှင့် အပမ်းဖြေရိပ်သာ
တွင် ညစဉ်နေလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်-မုံရွာ လမ်းပေါ်ဖြတ်သွားသည့် သစ်မှောင်ခိုကားများ၊ နွားမှောင်ခိုကားများကို တာဆီး ငွေကြေး တောင်းခံ ကာ မထင်ရင်မထင်သလို သေနတ်ပစ်ဖောက် လိုက်လံဖမ်းဆီးမှုများ လုပ်လေ့ရှိသူဟု ဒေသခံများက ပြောသည်။

PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ဦးဖိုးပြား၏ ကားမှာ ပျက်စီးသွားသည့်အပြင် ကားခေါင်းခန်းတွင် ထားသည့် အုပ်ချုပ်ရေးမှူးကိုင်သည့် သေနတ်တလက်လည်း ပါဝင်သွားသည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် အဆိုပါ တိုက်ခိုက်မှုတွင်း သရက်၊ မင်းတုန်း၊ ကံမ ပူးပေါင်း ပကဖ Eagle force တပ်ဖွဲ့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖုန်းတလုံးလည်း သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ဘုမ္မဝတီ လိုင်းကားပေါ်ပါ အဲယားကွန်ပရက်စာလေအိုးထဲတွင် ထည့်သွင်း သယ်ဆောင်လာသည့် သေနတ်အရှည် ၂ လက် သိမ်းဆည်းခံရမှုသည် ဦးဖိုးပြား၏ သတင်းပေးမှုကြောင့် ဖြစ် ကြောင်း နှင့် ထိုသို့ သတင်းပေးလုပ်နေသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည် ဟု ပကခ ပူးပေါင်းအဖွဲ့ များက ထုတ်ပြန်ပြောဆိုထားသည်။