စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု လွိုင်ကော်တွင် အရပ်သား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ကရင်နီပြည် လွိုင်ကော်မြို့နယ်ထဲက လွယ်ထွဲရွာနဲ့ ဒေါမူကလားရွာထဲကို တိုက်ပွဲတစ်စုံတစ်ရာမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံအမျိုးသမီးတစ်ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။