တရုတ်နယ်စပ်ဂိတ် မဖွင့်နိုင်မှာကို ဒေသခံနှင့် ကုန်သည်များ စိုးရိမ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ် ၃ ဂိတ်ကို တရုတ်နိုင်ငံဘက်ခြမ်းက ပြန်လည်ဖွင့်လှစ်ဖို့ တရားဝင်ထုတ်ပြန်လိုက်ပေမဲ့ မြန်မာဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးတာကြောင့် အချိန်မီ ဂိတ်မဖွင့်နိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။