ပုသိမ် ထောင်အတွင်း ရိုက်နှက်မှုကြောင့် နိုင်ကျဉ်းတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။

ပုသိမ်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသားများကို ထောင်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ က နေလှန်း ရိုက်နှက်ခဲ့ရာ နိုင်ကျဉ်းတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပုသိမ်ထောင်အတွင်း ဇန္နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားအများစု ပါဝင်သော အိပ်ဆောင်ရှိ အကျဉ်းသား ၇၂ ကို လက်ထိပ်ခပ်ကာ ထောင်ဗူးဝ သံလှောင် ချိုင့်တွင် အကြမ်းဖက် ရိုက်နှက်ခဲ့ရာ ချောင်းသာကမ်းခြေမြို့က အသက် ၂၆ နှစ်ဝန်းကျင်အရွယ်ရှိ လူငယ် နိုင်ကျဉ်း ကိုဝေယံဖြိုး ဆိုသူ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ပုသိမ်ဆေးရုံ အသိုင်း အဝိုင်းထံမှ သိရသည်။

အရိုက်ခံရသည့် အကျဉ်းသား ၇၂ ဦး အသီးသီးလည်း ဒဏ်ရာများရရှိခဲ့ပြီး ပြင်းထန် ဒဏ်ရာရရှိသူ ၁၂ ဦးအနက် အတွင်းလူနာ ၉ ဦး ရှိသည်ဟု နီးစပ်သည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အမည်မဖေါ်လိုသော ရဲတပ်ဖွဲ့ဝင် တစ်ဦးက “ထောင်ညွှန်မှူး ခေါ်ခိုင်းလို့ ရောက်လာတဲ့ နိုင်ကျဉ်းတွေကို တနေ ကုန် နေလှန်းတယ်။ ပြီးတော့ တို့အရေး အော်ခိုင်းပြီး မျက်နှာဖုန်း စွပ်ထားတဲ့ လုံထိမ်းအဖွဲ့က ဦးဆောင်ပြီး ရိုက် တာ။ ရိုက်နှက်ခံရလို့ ဒဏ်ရာ အသဲအသန် ရတဲ့သူတွေကို ပုသိမ်ဆေးရုံ ပို့တဲ့အဖွဲ့နဲ့ ထောင်လုံခြုံရေး အတွက် နယ်မြေရဲတွေက လုပ်ပေးရတယ်” ဟု ပြောသည်။

အိပ်ဆောင်ရှိ နိုင်ငံရေး အကျဉ်းသား အများစု ပါဝင်သော အကျဉ်းသား ၇၀ ကျော်ကို ထောင်အာဏာပိုင်အဖွဲ့ က ညှိနှိုင်း စကားပြောရန် အကြောင်းပြချက်ဖြင့် ရာဇဝတ် အကျဉ်းသားများ နှင့် ဖွဲ့စည်းထားသော ထောင်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က လာရောက် ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

နှစ်ရှည် ထောင်ကျနေသော ကိုဝင်းထွန်းနိုင်၊ ကိုဖိုးလပြည့် နှင့် ကိုမဲကြီး တို့ အပါအဝင် နိုင်/ကျဉ်း ၄ ဦး ကို ထောင်တွင်းသို့ လက်ကိုင်ဖုန်း သွင်းသည်ဟုဆိုကာ ထောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့က ဇန္နဝါရီလ ၅ ရက်နေ့က တညလုံး နှိပ်စက် ညှင်းပန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် နိုင်/ကျဉ်းများနှင့် အခြားအကျဉ်းသားများက ဇန္နဝါရီလ ၆ နေ့ နံနက်ပိုင်း က ဆန္ဒပြကြရာ ထောင်အုပ်ချုပ်ရေး အဖွဲ့ နှင် စစ်ကောင်စီ လုံထိန်းတပ်ဖွဲ့က သေနတ်၊ လေးဂွတို့ဖြင့် ပစ်ခတ်ဖြို ခွင်း ဖမ်းဆီးပြီး ရိုက်နှက် အကြမ်းဖက်ခဲ့ကြခြင်း ဖြစ်သည်ဟု သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦး က “အကျဉ်းသား ၇၀ ကျော် အားလုံးကို အစာမကျွေး ရေမတိုက်ဘဲ တနေကုန် အဆက်မပြတ် ရိုက်နှက်ကြတာမို့ အားလုံး ဒဏ်ရာ အများအပြား ရရှိထားကြတယ်လို့ သိရတယ်။ ဒါက စစ် ကောင်စီရဲ့ ထောင်တွင်း အကြမ်းဖက်မှုပါ။ လူသတ်မှုလည်း မြောက်ပါတယ်။ ထောင်ထဲမှာ ထောင်စည်းကမ်း ချိုး ဖောက်ရင် ဥပဒေနဲ့အညီ အရေးယူရတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်” ဟု ပြောသည်။

ထောင်တွင်း ဆန္ဒပြပြီး မကြာခင် မျက်နှာဖုန်း စွပ်ထားသည့် လုံထိမ်း တပ်ဖွဲ့က ကား ၃ စီး အပြည့်ဖြင့် ရောက် လာပြီး ထောင်ထဲဝင်သွားကာ အချို့က ထောင်ဗူးဝ အပေါ်ထပ်မှ ထောင်ပြင်ကို သေနတ်များဖြင့် ချိန်ထားသည် ဟု မျက်မြင်တွေ့ရှိသည့် ထောင်ဝင်စာ ပို့သူအချို့က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ သတင်းဌာနအသီးသီးက ည ၈ နာရီသတင်းတွင် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်း သား အချင်းချင်း ရိုက်မှုဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး တစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဝါဒ ဖြန့် ထုတ်ပြန်ခဲ့သည်။