တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၆ – ၁ – ၂၀၂၃ )

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက လူဦးရေ စာရင်းတွေ ကောက်ခံနေပါတယ်။ 

စစ်တွေမြို့မှာ ရခိုင် လွတ်မြောက်ရေး ပါတီ ALP စစ်ဦးစီးချုပ်နဲ့ ထိပ်သီးခေါင်းဆောင် နှစ်ယောက်တို့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA နဲ့ ALP  အပြန်အလှန်စွပ်စွဲပြောဆိုနေခဲ့ကြပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ရွာတရွာမှာ အသေက် ၁၄ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးကို အိမ်ရှင်အမျိုးသားက ၃ လကျော် အဓမ္မ ပြုကျင့်ခဲ့မှုကို တအားင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က အရေးယူထားပါတယ်။