ကသာတွင် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၇ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်း တွင် လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံ ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးတားလေးကျေးရွာထဲ စစ်တပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့သည့်အတွက် နောက်ဆုံးရရှိထားသည့် စာ ရင်းအရ ဒေသခံရွာသား သေဆုံးသူ ၇ ဦး အပြင် ထိခိုက်ဒဏ်ရာရရှိထားသူများလည်း ရှိနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “ကသာအထက် မိုတားလေးရွာထဲကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲနဲ့လာတာပါ။ အလှုအိမ်မှာ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။ ဒီက အလှူအိမ်ကိုလည်း ထိတယ်။ သေတဲ့ဟာ သေ၊ ဒဏ်ရာရတဲ့လူကရ ဆွဲထုတ်နေရတယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ ရွာထဲတွေရော ရွာဘေးတွေကိုရော ကြဲသွားတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်က လေယာဉ် ၃ စီးဖြင့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုး မရှိပဲ လာကြဲသွားခြင်း ဖြစ်သည် ဟု ဆိုသည်။

ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက “နေအိမ် ၆ လုံးနဲ့ ပြည်သူပေါ့ ၇ ဦး သေတယ်လို့ သတင်းရထား တယ်။ နောက်ထပ်ရှိလည်း နိုင်သေးတယ်။ လေယာဥ် ၃ စင်းနဲ့ မြစ်ကြီးနားကနေ လာကြဲသွားတာပါ။ စစ် ကောင်စီက သူတို့လူတွေ အခြေအနေမကောင်းမှု ကြုံလာတိုင်း ပြည်သူတွေကို သတ်ဖြတ်လေ့ရှိပါတယ်။ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်” ဟု ပြောသည်။

ယခုသေဆုံးမှုစာရင်းနှင့် နေအိမ်ထိခိုက်ပျက်စီးမှုစာရင်းမှာ ဇန္နဝါရီလ ၁၈ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ထိ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ရရှိထားသည့် အရေအတွက်သာဖြစ်ပြီး ထပ်တိုးများလည်း ရှိနိုင် သေးသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် မြစ်ကြီးနားဘက်မှ ဆင်းလာသည့် ဂျက်ဖိုက်တာ ၃ စင်းသည် ကသာခရိုင် မိုးတားလေးရွာထဲသို့ ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချခဲ့ရာ ကျေးရွာ အနောက်ပိုင်းရှိ အလှူ အိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျေးရွာသား ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိ သူများပြားသည်ဟု Northern ABSDF က ထုတ်ပြန်ထားသည်။

Northern ABSDF ၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား ရန်သူအဖြစ် သတ်မှတ် ချေမှုန်း နေသဖြင့် ပြည်သူများ အစစအရာရာ အန္တရာယ်ကင်းစေရေး ဂရုစိုက်ကြရန်လည်း သတိပေးထားသည်။

မိုးတာလေးကျေးရွာသည် ကသာမြို့ အရှေ့မြောက်ဘက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်တွင် ရှိသည့် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတစ်ရွာဖြစ်ပြီး အာဏာသိမ်းကာလအစောပိုင်းတွင်လည်း အဆိုပါ ကျေးရွာ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့သည့် ကျေးရွာ တစ်ရွာ ဖြစ်သည်။