ပေါင်းတည်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
ပေါင်းတည်မြို့နယ်တွင်း စစ်ကောင်စီ စစ်ကြောင်းကို PDF လင်းယုန် စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ် ကောင်စီဘက်တွင် ၄ ဦး သေ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အနီး ရုပ်ဆိုင်ကျေးရွာ ဆတ်သေချောင်နားတွင် ဇန္နဝါရီလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF လင်းယုန် စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေက ထုံးစံအတိုင်း လက်နက် ကြီး၊ လက်နက်ငယ်များ ကြုံရာတွေ့ရာကို ပစ်တော့တာပဲ” ဟု ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းတွင် အရာရှိများ အပါအဝင် လူအင်အား ၃၃ ဦးပါရှိပြီး ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ – ၃ မှ ဒုတပ်ခွဲမှူး လင်းယုန် ဦးဆောင်သည့် လင်းယုန်စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မိုင်းဆွဲခံရသည့် ဆတ်သေချောင်းအနားရှိ တောင်ယာတဲ ၇ လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက် ဆီးသွားဟု ဒေသခံများက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်များ အားလုံး အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု လင်းယုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ယခုနောက်ပိုင်း ပဲခူးရိုးမ အနောက်ခြမ်းတွင် ယခင် ဗကပ ကွန်မြူနစ်များ လှုပ်ရှားမှုနောက်ပိုင်း ယခု PDF က စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နိုင်လာခြင်းဖြစ်သည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အပိုင်း(၃)မှ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးသိန်းလွင်အား ဇန္နဝါရီလ ၁၆ ရက်နေ့၊ ည ၆ နာရီအချိန်ခန့်တွင် ကျောက်ကြီးမြို့နယ်ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်ကျည် နှစ်ချက်ထိမှန်၍ ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု ဒေသခံ များက ပြောသည်။