ကသာတွင် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံ ၈ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အလုံး ၂၀ လောက်လည်း ပျက်စီးသွားခဲ့ပါတယ်။