မြေရှားသတ္တုတူးဖော်မှု ရပ်တန့်ပေးရန် ဒေသခံတွေ ဆန္ဒထုတ်ဖော် တောင်းဆို

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ မြေရှားသတ္တုတူးဖော်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပါအဝင် ဒေသခံပြည်သူ အယောက် ၂၀၀ လောက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။