ကံပေါက်တွင် ဆိုင်ကယ်စီးခွင့်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

စစ်ကောင်စီက ကံပေါက်ဒေသအတွင်း ပြည်သူများအား ဆိုင်ကယ်စီးသွားလာခွင့် ပိတ်လိုက်သည်ဟု ဒေသခံများ က ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ညပိုင်းတွင် မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ အုပ်စုရှိ ရပ်ကွက် ၁၀ ရပ်ကွက် အတွင်း ဆိုင်ကယ်စီး သွားလာ ခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက် ၅၀ ခန့်အရွယ် ကံပေါက်ရွာသားတစ်ဦး က “အရင်ကလည်း ယောက်ကျား ၂ ယောက် အတူ စီးမရဘူး ဆို ပြီး အမိန့်ထုတ်တာကြောင့် သွားရေးလာရေး အတော်အခက်အခဲ ကြုံခဲ့ရတယ်။ အခုက လုံးဝမစီးရတော့ဘူး ဆို တော့ အရေးအကြောင်းဆို ဒုက္ခဖြစ်ပြီ” ဟု ပြောသည်။

ဇန္နဝါရီလ ၂၆ ရက်နေ့ မှ စတင်၍ ဆိုင်ကယ်စီးနင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်ကြောင်း၊ တွေ့ရှိ ပါက ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကံပေါက်ကျေးရွာ အထက်တန်းကျောင်း အရှေ့တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကံပေါက်ဒေသတွင် ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက တနေ့တည်းတွင် အမျိုးသား ၃ ဦး ကို ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့နောက် ယခုကဲ့သို့ ဆိုင်ကယ်စီး သွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆို သည်။

စီးနင်းခွင့်ပိတ်ထားသည့် ကာလအတွင်း ဆိုင်ကယ်စီးနင်းပါက မည်သည့်ဥပဒေဖြင့် အရေးယူမည် ဆိုသည်ကိုမူ ပြောဆိုသွားခြင်းမရှိဟု ဒေသခံများက ဆိုသည်။

သို့သော်လည်း ကားဖြင့် ခရီးသွားလာခြင်းကို ခွင့်ပြုပေးသွားမည် ဖြစ်မည်ဟု ဆိုသည်။

ဒေသတွင်း ဈေးရောင်းဈေးဝယ်နှင့် လူမှုရေးကိစ္စများပါ မကျန် လမ်းပန်းဆက်သွယ်ရေး အတွက် ဆိုင်ကယ်ကို သာ အဓိက အားထားအသုံးပြုနေကြသည် ဖြစ်၍ ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ ဒေသခံများအတွက် များစွာ အခက်အခဲဖြစ်စေသည်ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်က စတင်ပြီး မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကံပေါက်အုပ်ချုပ်ရေးမှူးရုံးတွင် ကင်းပုန်းများဝပ်ကာ နေရာယူထားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ၂၀၂၁ နှစ်ခု၊ နိုဝင်ဘာလဆန်းမှ စတင်၍ ဆိုင် ကယ်တစ်စီးတည်းတွင် အမျိုးသား ၂ ဦး အတူမစီးရဆိုသည့် ဒေသန္တရအမိန့်ကို စစ်ကောင်စီမှ ထုတ်ပြန်ထားခဲ့ သည်မှာ ယနေ့အချိန်ထိထုတ် ဖြစ်သည်။