မူဆယ်တွင် နိုင်ငံကူးလက်မှတ်များ စထုတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။
မူဆယ်နယ်စပ်ဂိတ်မှာ နိုင်ငံကူးတဲ့ ယာယီစာအုပ်တွေ ပြုလုပ်ပေးနေပြီး လူ၊ ကား၊ ဆိုင်ကယ်တွေ အဝင် အထွက်လုပ်လို့ရနေပြီလို့ ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်တွေကို မြန်မာဘက်က လည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး စာအုပ်အနီများကို လုပ်ပေးနေပြီဟု နယ်စပ်နေ ပြည်သူများက ပြော သည်။
ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းကစတင်ပြီး နန်းတော်ဂိတ် (အလယ်ပေါက်)တွင် စာအုပ်အနီ (Boarder Pass ) BP စာအုပ်ကို လုပ်ပေးနေပြီး ဖြစ်ပြီး ဆင်ဖြူပေါက်မှလည်း ကားအသေးနှင့် ဆိုင်ကယ်များ ဝင်ထွက် သွားလာ၍ နေပြီဟု မူဆယ်မြို့ခံ ကိုဌေးက ပြောသည်။
“မနေ့က စလုပ်ပေးတယ်။ စလုပ်ပေးတော့ မူဆယ်အိမ်ထောင်စုရှိတဲ့လူတွေက နန်းတော်ပေါက်ကို တိုက်ရိုက် လာပြီး မှတ်ပုံတင်ရယ်၊ အိမ်ထောင်စုရယ် ဓါတ်ပုံရယ်ပေါ့နော် အဲ့ဒီဟာတွေရပြီးရင် သူက ဒီလကဝ ကနေ စိစစ် တယ်။ ကျနော်တို့ မူဆယ်အိမ်ထောင်စု မှန်ကန်တယ်ဆိုရင် သူတို့ စာအုပ်အနီလုပ်ပေးတယ်။ ကိုဗစ်ကင်း စင် ကြောင်းတော့ CPR စက်နဲ့စစ်ပေါ့နော်။ အဲ့ဒါတော့ ကျန်းမာရေးဝန်းကြီးဌာနက အဲ့ဒီမှာရှိတဲ့ ကျန်းမာရေးအဖွဲ့ တစ်ဖွဲ့ရှိတယ်။ အဲ့ဒီက စစ်ပေးတယ်။ ပြီးရင်တော့ ဝင်ပေါ့။ တရုတ်ပြည်ထဲကို ဝင်ခွင့်ရပြီပေါ့နော်။”
စာအုပ်အနီ (Boarder Pass ) BP စာအုပ်ကို ပြုလုပ်ပေးပြီးနောက် နန်းတော်ဂိတ် (အလယ်ပေါက်)တွင် လူအဝင်၊ အထွက် ရှိနေပြီဖြစ်ပြီး ဆင်ဖြူဂိတ်မှ ကားငယ်များ၊ ဆိုင်ကယ်များ သွားလာနေပြီဟု ကိုဌေးက ဆက်ပြောသည်။
နယ်စပ်ဂိတ်များ ဖွင့်ပြီး ဝင်ထွက်သွားလာခွင့်ရပြီ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်လာမည် ဖြစ်သော်လည်း COVID-19 ရောဂါအတွက် စိုးရိမ်နေမှုရှိသည်ဟု မူဆယ်မြို့မိမြို့ဖ တစ်ဦးက ပြောသည်။
“လောလောဆယ်တော့ သူ့တို့ ရောဂါတော့ ကြောက်တာပေါ့။ ကောင်းတဲ့ဘက်တော့ အလုပ်အကိုင် အခွင့်အ လမ်းတွေ ရှိမှာပေါ့။ လုပ်ငန်းတွေရော၊ ကုန်သွယ်လုပ်ငန်းတွေရော၊ အလုလပ်အကိုင်အခွင့်အလမ်းတွေ ရှိလာ မှာပေါ့။ အဆိုးဘက်ကတော့ ရောဂါကြောက်တာပေါ့။”
လက်ရှိတွင် မူဆယ်မြို့က နယ်စပ်ဂိတ် ၃ ဂိတ်မှ တရုတ်-မြန်မာ နယ်စပ်မြို့များသို့ ဝင်ထွက် သွားလာလို့ရနေပြီး ကျန်သည့်မြို့များတွင်လည်း စာအုပ်အနီ လုပ်ပေးနိုင်ဖို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းနေကြသည် ဟု ဆိုသည်။
“တခြားမြို့နယ်တွေကတော့ နှစ်နိုင်ငံညှိနေတယ်။ နှစ်နိုင်ငံညှိနှိုင်းပြီးမှ တရုတ်ဘက်ကလည်း သဘောတူတယ်၊ မြန်မာဘက်ကလည်း သဘောတူတယ်ဆိုရင်တော့ ယာယီ တခါတည်းသုံးစာရွက် ခေါ်တာပေါ့နော် အဲ့ဒါလေးနဲ့ ခွင့်ပြုမှာပေါ့နော်။ ဒီနေ့အထိတော့ ခွင့်မပြုသေးဘူး။ ဒေသခံမိသားစုတွေပဲ ဒီဘက်ကို တရုတ်ပြည်ကလည်း ခွင့်ပြုတယ်။ ကျနော်တို့ မြန်မာနိုင်ငံကလည်း မူဆယ်ခရိုင်ထဲမှာရှိတဲ့သူတွေကိုပဲ ခွင့်ပြုတယ်။ ဥပမာ ကွတ်ခိုင် တို့ နမ့်ဖက်ကာတို့ဆိုရင် သူက အရင်တုန်းက မူဆယ်ခရိုင်ထဲမှာ ပါတယ်ဗျ။ အခုကွတ်ခိုင်ထဲ ဖြစ်သွားတဲ့အတွက် မရဘူး။”
မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် လုပ်ပေးနေသည့် စာအုပ်အနီ BP စာအုပ်အမျိုးအစားကို လုပ်ပေးရာတွင် ကန့် သတ်ချက် အချို့လည်း ရှိသည်ဟု ကိုဌေးက ဆက်ပြောသည်။
“ပြီးလို့ရှိရင် တခုရှိတယ် အခုကျနော်က မူဆယ်မှတ်ပုံတင်ကိုင်တာတော့ မှန်တယ်။ ဒါပေမယ့် ကျနော့် အိမ်ထောင်စုက မန္တလေးကို ပြောင်းသွားပြီဖြစ်တဲ့အတွက် ကျနော် ၁၃/မဆန(နိုင်) ဖြစ်ပေမယ့် ကျနော်က စာအုပ်မရသေးဘူး။ သူက မျဉ်းစောင်းတွေနဲ့တော့ မဆိုင်ဘူး။ အိမ်ထောင်စုနဲ့ပဲ သတ်မှတ်တယ်။ မှတ်ပုံတင် မျဉ်းတွေနဲ့ သတ်မှတ်တာမဟုတ်ဘူး။”
မူဆယ်မြို့ရှိ နယ်စပ်ဂိတ် ၃ ဂိတ်ရှိသည့်အနက် နန်းတော် အလည်ပေါက်မှ လူအဝင်အထွက်သာရသည့် သီးသန့် ဂိတ်ဖြစ်ပြီး ဆင်ဖြူပေါက်မှာ ကားအသေးများနှင့် ဆိုင်ကယ်အပြင် လူအဝင်အထွက်ပါ ရသည့် ဂိတ်တစ်ဂိတ် ဖြစ်သည်။ အလားတူ မန့်ဝန်းဂိတ်မှာမူ ၆ ဘီးကားများ ဝင်ထွက်ရမည်ဟု နယ်စပ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ က သတ်မှတ်ထားသည်ဟု ဆိုသည်။
နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တို့ကို ၂၀၂၀ ခုနှစ် ဧပြီလကစတင်ပြီး COVID-19 ကူးစက်မှုများကြောင့် ပိတ်ထားခဲ့ရာမှ နှစ်နိုင်ငံလုံးအတွက် နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ရွှေလီ မြို့နှင့် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံဘက်ခြမ်းက ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ပြန်လည် ဖွင့်လိုက်ခြင်း ဖြစ်သည်။