ပဲခူးတိုင်း တောင်ညိုဆည် အထက်ပိုင်းတွင် စစ်တပ်နှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

ပဲခူးတိုင်း နတ်တလင်း တောင်ညိုဆည် အထက်ပိုင်းတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး သေဆုံးသွားသည်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည် အထက်ပိုင်း၊ ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ များထံသို့ ထပ်မံအင်အားဖြည့်တင်းရန် တက်လာသည့် အဖွဲ့နှင့် ပဲခူး PDF တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ဒေသခံတစ်ဦး က ”စက်လှေဆိပ်မှာ ဆော်တာ စက်လှေမောင်းသူနဲ့ အရပ်သားတစ်ဦး ထိခိုက်မိတယ် ကြားတယ်။ တပ်မ ၆၆ လက်အောက်ခံ တပ်တွေပဲ အဲနေရာက သူတို့စားခွင်ကောင်းတဲ့ နေရာတွေ အငိုက်မိသွားတာ” ဟု ပြော သည်၊

ဇန္နဝါရီလ ၂၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က တောင်ညိုဆည်၊ မကျီးပင် စက်လှေဂိတ်မှတက်လာသော စစ် ကောင်စီ တပ်ဖွဲ့အင်အား ၂၀ ခန့်ကို သာယာဝတီ ခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ-၁ (Zigon PDF)၊ တပ်ခွဲ-၂ (Phoenix)၊ တပ်ခွဲ-၃ (နတ်စစ်သည်)နှင့် တပ်ခွဲ-၄ (MRF) ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

အင်အားဖြည့်တင်းရန် လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်စောင့်ကြို တိုက်ခိုက်ရာ ၄ ဦး သေ၊ ၆ ဦး ဒဏ် ရာရသွားသည်ဟု ပဲခူး PDF က ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နောက်ဆက်တွဲ အခြေအနေအား ထပ်မံအတည်ပြု စုံစမ်းလျက်ရှိသည် ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင် စစ်ဆေးရေး ဂိတ်ရှိ စစ်ကောင်စီစခန်းကို နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးဆိုသူ ၇ ဦး သေဆုံးခဲ့သည်။

သယာဝတီခရိုင်တွင် နတ်တလင်းမြို့နယ်က PDF များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သည့် တိုက်ပွဲ များ ဖော်ဆောင်နိုင်ပြီး အုတ်ဖိုမြို့နယ်ရှိ PDF များက စစ်ကောင်စီ သတင်းပေး ဒလန်ရှင်းရာတွင် နာမည်ကြီးသည် ဟု ဒေသခံများက ပြောသည်။