တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( ၃၀ – ၁ – ၂၃ )

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ အပစ်ရပ် ဒီကေဘီအေ အဖွဲ့ရဲ့ အမှတ် ၂ စစ်နည်းဗျူဟာဌာနချုပ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

တရုတ်နယ်စပ် မူဆယ်နယ်စပ်ဂိတ်မှာ နိုင်ငံကူး ယာယီလက်မှတ်တွေ လုပ်ပေးနေပြီး လူ၊ ကား၊ ဆိုင်ကယ်တွေ အဝင်အထွက်လုပ်နေကြပါပြီ။