တရုတ်နယ်စပ် ရွှေ့ပြောင်းအလုပ်သမားများ အပတ်စဉ် ကိုဗစ်-၁၉ ကိုယ့်စားရိတ်နှင့် ကိုယ် စစ်ဆေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။

မကြာသေးမှီက ပြန်လည်ဖွင့်လှစ်လိုက်သည့် မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ဂိတ်ဖြစ်သည့် မူဆယ်မြို့က နန်း တော်ဂိတ်တွင် COVID-19 ရောဂါ ဆေးစစ်ခအနေဖြင့် လူတစ်ဦးလျှင် ကျပ် တစ်သောင်းခွဲစီ ပေးရသည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့ရှိ နန်းတော်ဂိတ် (အလည်) ပေါက်တွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ သွားရန်အတွက် (Boarder Pass-BP) စာအုပ်အနီ-နိုင်ငံကူးလက်မှတ်လုပ်ချိန်တွင် COVID-19 ကင်းစင်ကြောင်း ဆေးစစ်ရခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်ခြမ်းမှ စာအုပ်အနီသက်တမ်းပြန်လာတိုးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဟိုတနေ့က ကျနော်တို့ စာအုပ်လုပ်ပြီးမှ ဒီမှာတပတ်ပြည့်လို့ စာအုပ် ပြန်သွားထုတဲ့အချိန်မှာ သူတို့က နှာ ခေါင်း ရောဂါစစ်တာပေါ့ တရုတ်ပြည်ပြန်ထွက်လာတာကို နှာခေါင်းစစ်တာပေါ့ သူက။ စစ်တာကို ဒီဘက်က တစ် သောင်းခွဲတောင်းတယ်လေ။ ကိုဗစ်စစ်ဆေးတာကို သူတို့က ဌာနဖွင့်ထားတယ်။ နန်းတော်ပေါက် အထွက် မှာ။ စစ်ဆေးတဲ့ဟာကို တစ်ယောက်ကို တစ်သောင်းခွဲနဲ့ တောင်းတယ် ပြန်ထွက်လာတဲ့လူကို။ စာအုပ်ထုတာက အထွက်မှာတော့ မပေးရဘူး။ ပြန်ဝင်တဲ့အခါ တစ်ထောင်ထပ်ပေးရတယ်။ မြန်မာဘက်ကဟုတ်တယ်။ တရုတ် ဘက်က ဘာမှ မလိုဘူး။”

တရုတ်ဘက်ခြမ်းမှ မြန်မာဘက်ခြမ်းသို့ တစ်ပတ်တစ်ကြိမ် ပြန်လာကာ သက်တမ်းတိုးရသည့်အချိန်တွင် နန်းတော်ဂိတ်ပေါက်ဘက်ခြမ်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများက ဂိတ်ဖွင့်က COVID-19 ရောဂါ စစ်ဆေးပေးပြီး ယခုကဲ့သို့ ကောက်ခံနေခြင်း ဖြစ်သည်။

(Boarder Pass-BP) စာအုပ်အနီ-နိုင်ငံကူးလက်မှတ်ကို အဆိုပါ နန်းတော်ဂိတ်ပေါက်တွင် လုပ်ပေးလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ မူဆယ်ခရိုင်အတွင်းက ပြည်သူများကိုသာ လုပ်ပေးကာ အခြားသော ခရိုင်များမှ ပြည်သူများကို လုပ်မပေးသေးဘူးဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ခါဆိုင်းပုံမှန်ပဲလေ ဟိုမူဆယ်ရယ်၊ နမ့်ခမ်းရယ်၊ ပန်ဆိုင်းရယ် ဒီနယ်စပ်မြို့တွေပဲ သွားလို့ရတယ်။ ပုံမှန်ပဲလေ ၂၅ ရက်နေ့ကတည်းက သတ်မှတ်တဲ့အတိုင်းပဲ မပြောင်းလဲဘူး။ စာအုပ်ကို မလုပ်ပေးသေးဘူး။ ဒီမူဆယ်မြို့ နယ်က အိမ်ထောင်စုရှိတဲ့လူတွေပဲ စာအုပ်က လုပ်လို့ရတယ်။ ဝင်ထွက်လို့ရတယ်ပေါ့။ ဒါပေမယ့် အဲ့ဒီမှာ ထုတ် ပြန်ချက် မှာပါတဲ့အတိုင်းပဲ ဆေးစစ်ခက ကိုယ့်ဟာကို ကျခံရမယ်ဆိုတာ။ အရင်ကတည်းက သူတို့သတ်မှတ် ထားတဲ့ အတိုင်းပဲ။ အခုကျနော်တွေ့တာက နန်းတော်ကနေတောင် သိပ်မသွားဘူး ဆင်ဖြူကနေ ကိုယ်ပိုင်ကား နဲ့ပဲသွား ကြတယ်။ ဟိုတစ်ရက်က အစ်ကိုတစ်ယောက်ပြောတာ အောင်မလေး စစ်တာ တအားကြာလို့ ဝင်တဲ့လူ လည်း သိပ်မရှိဘူလို့ ပြောတယ်။”

ထို့ကြောင့် တရုတ်-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများနေဖြင့် မြန်မာဘက်ခြမ်းတွင် COVID-19 စစ် ဆေးခအတွက် ကျပ်ငွေ ၁၅၀၀၀ နှင့် မြန်မာဘက်ခြမ်းမှ အဝင်အထွက်တံဆိပ်တုံးထုခ ကျပ် ၁၀၀၀၊ စုစုပေါင်း ကျပ် ၁၆၀၀၀ ပေးဆောင်နေရသည်ဟု ဆိုသည်။

ဆင်ဖြူဂိတ်ပေါက်မှာ ဆိုင်ကယ်၊ ကားတို့ဖြင့် ဝင်ထွက်ခွင့်ရသည့် ဂိတ်ပေါက်တစ်ပေါက်ဖြစ်ကာ နန်းတော်ဂိတ် ပေါက်မှာမူ လူအဝင်အထွက်သာရသည့် ဂိတ်ပေါက်ဖြစ်သည်။ အဆိုပါ နန်းတော်ဂိတ်ပေါက်တွင် နေ့စဉ် လူဦးရေ ၄၀ ခန့်မှ ၁၀၀ ကြား အဝင်အထွက်ရှိသည်ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“စာအုပ်ဖိုးကတော့ သတ်မှတ်ထားတာမရှိဘူး။ စေတနာရှိသလောက်ပဲထည့်ခိုင်းတာ။ တနေ့တနေ့ ခန့်မှန်းခြေ ကတော့ မနက်ကနေ ည ၈ နာရီအထိ ဖွင့်ထားတာ လူက တော်တော်များတယ်။ လူဦးရေ တစ်ရာကျော်ကျော် လောက်ရှိမယ် ဝင်တဲ့လူက။”

မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဂိတ်များ ဇန္နဝါရီလမှ ပြန်လည်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ဇန္နဝါ ရီလ ၂၅ ရက်နေ့ စတင်၍ နန်းတော်ဂိတ်(အလယ်ပေါက်)တွင် (Boarder Pass-BP) စာအုပ်အနီ-နိုင်ငံကူးလက် မှတ်ကို မူဆယ်ခရိုင်အတွင်းက ပြည်သူများအား လုပ်ပေးကာ ဝင်ထွက်သွားလာခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ဓါတ်ပုံ – ရွှေဖီမြေ/လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက်