စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ရေးတွင် ညမထွက်ရ အမိန့် ထပ်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ညမထွက်ရ အမိန့်ကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ က ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လော်စပီကာဖြင့် လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနေ့က (ဖေဖော်ဝါရီ ၈ ရက်) လော်စပီကာနဲ့ ရပ်ကွက်ထဲမှာ လိုက်ကြေညာတယ်၊ ည ၆ နာရီကနေ မနက် ၆ နာ ရီ အပြင်မထွက်ရ ဆိုပြီးပါတယ်။ ပြီးတော့ လူ ၅ ဦးထက် ပိုမစုရတာတို့လည်း ပါတယ်။ မလိုက်နာရင် ထိ ရောက်စွာ အရေးယူသွားမယ်လို့လည်း ပြောသွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အချိန်ကာလ အတွင်း လူ ၅ ဦးထက် ပိုစုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီ တန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်း ဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီး လောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်း မပြုရဆိုပြီး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ထုတ်ပြန်သည့် အမိန့်အား လိုက်နာမှုမရှိသူများကိုလည်း အင်အားသုံး ဖမ်းဆီးကာ တည်ဆဲဥပဒေများအရ ထိ ရောက်စွာ အရေးယူသွားမည်ဟု ကြေညာထားကြောင်းလည်း ရေးဒေသခံများက ပြောသည်။

ထုတ်ပြန်လိုက်သည့် ညမထွက်ရအမိန့်သည် နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သ၍ အတည် ဖြစ် သည်ဟု ကြေညာသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ညမထွက်ရ အမိန့်သည် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရေး လုပ်ငန်းများအတွက် ပိုမို ခက်ခဲလာစေသည်ဟု ဒေသခံများက ပြော သည်။

ရေးဒေသခံအမျိုးသမီးတစ်ဦး “ည ၆ နာရီ မနက် ၆ နာရီ သွားလာလို့ မရတော့ဘူးဆိုရင် ဘာလုပ်စားရတော့ မှာ လဲ။ ညပိုင်း မနက်အစောကြီး စျေးထရောင်းနေရသူတွေ ပြီးတော့ အစေး ခြစ်သမားတွေ အကုန်လုံး အခက် အခဲဖြစ်မယ်။ နောက်ပြီး ကျန်းမာရေး ကိစ္စပေါ့ ညပိုင်း အရေးပေါ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ ရေးမှာက ကြာလေ ပိုခက်ခဲလာလေပဲ၊ အကုန် ကြောက်နေရတယ်” ဟု က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ် ရေး (Martial Law) ဒေသအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြေညာလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ရန် အတွက်ဟုဆိုကာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအား အရှေ့တောင်တိုင်း စစ်ဌာန ချုပ် နယ်မြေဖြစ်သည့် မွန်ပြည်နယ်ထဲက ရေးမြို့နယ်၊ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့က ရိတ်မြို့နယ်များအတွင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းကြောင်း ကြေညာထားခြင်း ဖြစ်သည်။

တိုင်းမှူးသည် အချိန်နှင့် တပြေညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ မိမိ ကိုယ် တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍သော် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်ဟုလည်း ဆိုထားသည်။