ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် အုပ်ချုပ်ရေးမှူး အလောင်း ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ဘုတ်ပြင်းမြို့နယ်ထဲက ရဲစခန်းမှူးဟောင်းတစ်ဦးလည်းဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်သည့် အမျိုးသားတစ်ဦးကို သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းပြန်တွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ၂ ရက်အကြာတွင် ဦးခေါင်း သေနတ်ကျည်ထိမှန် ဒဏ်ရာဖြင့် အလောင်းကို ပြန်တွေ့ခဲ့ရခြင်း ဖြစ်သည်။
အသက် ၅၀ခန့်အရွယ်ထင်းမယ်ရွာသား တစ်ဦးက “သူ့ယောက္ခမ ခြံနားမှာ တွေ့တာပါ။ ခေါင်းမှာ သေနတ် ဒဏ် ရာတွေ့ရတယ်။ အလောင်းကို ပြည်ကြီးမဏ္ဏိုင်မြို့က ဆေးရုံကို ပို့လိုက်တယ်” ဟု ပြောသည်။
ဖေဖေါ်ဝါရီ ၅ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ထင်းမယ်ကျေးရွာတွင် နေထိုင်သည့် ရဲစခန်းမှူးဟောင်းတစ်ဦး လည်းဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်သည့် ဦးမောင်မောင် အသက် ၆၅ နှစ် ကို လူ ၁၀ ဦးခန့်က နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်သည် ယခင်က ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မ ရဲစခန်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့
သူဖြစ်ပြီး အငြိမ်းစားယူပြီးနောက် ချောင်းကဖက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသည်ဟု ဒေသခံ များက ပြောသည်။
ဖေဖေါ်ဝါရီလ ၇ ရက်နေ့၊ နံနက်အစောပိုင်းက ထင်းမယ်ကျေးရွာ အရှေ့ဘက်ရှိ ၎င်း၏ ယောက္ခမ ဖြစ်သူ ဥယျာဉ် ခြံ အနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို လမ်းသွားလမ်းလာသူများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်၏ ရုပ်အလောင်းကို ဆေးရုံရင်ခွဲရုံမှ တဆင့် မိသားစုဝင်များ၏ သဘောဆန္ဒအတိုင်း ပြည်ကြီး မဏ္ဏိုင် သင်္ချိုင်းမှာပင် အလောင်းတွေ့ရှိသည့်နေ့ မွန်းလွဲပိုင်းမှာပင် နေ့ချင်းပြီး သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများ က ပြောသည်။
ဦးမောင်မောင်အား ဖမ်းဆီးခေါ်ဆောင်သွားစဉ်က လမ်းခုတွင် တွေ့ရသည့် မီးသွေးရောင်းရာမှ ပြန်လာသူ တောင် ငယ်ကျေးရွာနေ ပြည်သူ့စစ် အဖွဲ့ဝင်ဟောင်း ဦးသောင်းညွှန့် အသက် ၅၀ နှစ် ကိုလည်း တပါတည်း ဖမ်းခေါ်သွားခဲ့သည်။
သို့သော် ဦးသောင်းညွှန့်အား နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့ ၂ ဦး အဖမ်းခံရပြီးသည့်နောက် ထင်းမယ်ကျေးရွာအနီး တောနင်းရှာဖွေမှုများ ပြု လုပ်ခဲ့ကြသေးသည်ဟု ဒေသခံများက ပြောသည်။