နယ်စပ် ဝင်ထွက်ခွင့်အတွက် ကိုဗစ် စစ်ဆေးခ တစ်သောင်းခွဲ ပေးဆောင်နေရဟု ဆို

မကြာသေးမီက ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေထဲက တစ်ဂိတ်ဖြစ်တဲ့ မူဆယ်မြို့က နန်းတော်ဂိတ်မှာ COVID-19 ရောဂါ ဆေးစစ်ခအနေနဲ့ လူတစ်ယောက်ကို ကျပ်တစ်သောင်းခွဲစီ ပေးပြီး စစ်ဆေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။