မြေမြုပ်မိုင်းကြောင့် ကားတစ်စီး ထိမှန်ပေါက်ကွဲ အရပ်သား ၄ ဦး ပွဲချင်းပြီးသေ
ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲ အိမ်စီးကား ၁ စီး စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲကာ အရပ်သား ၄ ယောက် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေထဲက ၂ ယောက်ကလည်း စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။