ဒေသခံများကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်ကို TNLA ငြင်းဆို

စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့မှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတဲ့ တအာင်းတိုင်းရင်းသားတွေကို TNLA က သွားရောက်ကယ်ထုတ်ချိန် ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး TNLA ဘက်က ငြင်းဆို လိုက်ပါတယ်။