တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၀ – ၂ – ၂၀၂၃ )

KNU တပ်မဟာ ၄ နယ်မြေမှာ ပျောက်ဆုံးနေတဲ့ PDF ရဲဘော်အယောက် ၃ဝ နဲ့ အဆက်အသွယ်ပြန်ရပြီလို့ TYC – PDF တပ်ဖွဲ့၊ ဒေါင်းမင်းစစ်ဆင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ ရေရှားပါးမှုကြောင့် ကျန်းမာရေးပြဿနာကြုံတွေ့နေရပါတယ်။ 

စိုက်ပျိုးစရိတ်မြင့်တက်လာတဲ့အတွက် တရုတ်-ကချင်နယ်စပ် ကြံစိုက်ပျိုးမှု သုံးပုံနှစ်ပုံအထိ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။