မီးလောင်ထားသည့် အဝတ်ထုတ်ပြန်ယူသည့် စစ်ရှောင် နှစ်ဦး၏ အလောင်းတွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

ကန့်ဘလူမြို့နယ်က အမျိုးသားနှစ်ဦး မီးရှို့ အသတ်ခံလိုက်ရသည်ဟု ဒေသအတွင်း စစ်ရှောင်များကို ကူညီပေး နေသူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးကျေးရွာအနီးတွင် အမျိုးသားနှစ်ဦး၏ မီးရှို့သတ်ခံထား ရသည့် အလောင်းများကို တွေ့ခဲ့ရသည်ဟု မြေပြင်တွင် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ကူညီပေးသူတစ်ဦး က “ကျနော်တို့ကြားတာတော့ အဝတ်ထုပ်ကျန်ခဲ့လို့၊ ညဘက်စောင်ခြုံဖို့ မရှိတာကြောင့် ပြန်ယူချိန် မီးရှို့သတ်ခံလိုက်ရတာလို့ ကြားတယ်။ ဘာလက်နက်မှ မပါတဲ့ စစ်ရှောင်ပြည်သူတွေပါ” ဟု ပြော သည်။

ကိုင်းရိုးကျေးရွာအနီးက ဆိုင်ကယ်နှစ်စီးနဲ့အတူ မီးရှို့သတ်ခံထားရသည့် အမျိုးသားအလောင်းနှစ်လောင်းကို
ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အကူအညီပေးနေသူ များ က ဆိုသည်။

မီးရှို့အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၂၂ နှစ်နှင့် အသက် ၃၂ နှစ်အရွယ်ခန့် ရှိသူများဖြစ်ကြပြီး မည်သူမည်ဝါ ဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးဘူးဟု ဆိုသည်။

စစ်ကောင်စီတပ်က အင်အား ၁၂၀ ဝန်းကျင်ဖြင့် ကန့်ဘူမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်က ရွာသားတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ် ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြသည်။

Photo – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့