စစ်ရှောင်စခန်းရှိ နေအိမ်များ ပြန်လည် ဆောက်လုပ်ရန် အကူအညီလိုအပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာဒေသဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်က လိုင်ဇာမြို့ရှိ ဖုန်လုန်ယန်စစ်ရှောင်စခန်းမှာ နေအိမ်အလုံးရေ ၁၀၀ ကျော် ပြန်လည်ဆောက်လုပ်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။