တရုတ်နယ်စပ် ကြံစိုက်ပျိုးမှု ကျဆင်း

တရုတ်-ကချင်နယ်စပ်က ဒေသခံတွေစားဝတ်နေရေးအတွက် ကြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား စိုက်ပျိုးကြပေမဲ့လည်း COVID-19 ကူးစက်ရောဂါဖြစ်ပွားပြီးနောက် လွယ်ဂျယ်နယ်စပ်ဂိတ် ပိတ်လိုက်တဲ့အပြင် အခု ပြန်ဖွင့်ချိန်မှာလည်း ကုန်သွယ်ရေးခက်ခဲလာတာနဲ့ အရင်းအနှီး များလာတာကြောင့် စိုက်ပျိုးမှုနှုန်းလျှော့နည်းသွားတာဖြစ်တယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။