ရဲတပ်ဖွဲ့ မိုင်းခွဲ တိုက်ခိုက်ခံရပြီး အရပ်သား ၁၅ ဦးကျော် အဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်ထဲ စစ်ကောင်စီလက်အောက်ခံ ကင်းလှည့် ရဲတပ်ဖွဲ့ မိုင်းခွဲ တိုက်ခိုက်ခံရပြီး နောက် အနည်းဆုံး ဒေသခံ ၁၅ ဦး ကို စစ်တပ်က ဖမ်းထားသည်ဟု ဒေသခံများက ပြောသည်။

ဟင်္သာတ၊ နိဗ္ဗာန်၊ နတ်မော်၊ ကြာအင်း နှင့် တလုတ်ထော် ဒေသခံ ၃၀ ကျော်ကို ၃ ရက် ဆက်တိုက် ဖမ်းဆီး ကာ အချို့ကို စစ်မေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁၅ ဦးကျော်ကို ဆက်ဖမ်းထားခြင်း ဖြစ်သည်။

“မသင်္ကာဘူး ဆိုပြီး စွမ်းရမ်းဖမ်းပြီး စစ်နေတာ။ ပြီးခဲ့တဲ့လက လက်နက်တွေမိတဲ့ ကြာအင်းရွာကို စစ်တပ်က အဦးဆုံးဝင်စီးပြီး ရွာခံ ၆ ဦး ကို ဖမ်းသွားတာ။ အခုထိ ပြန်မလွတ်သေးဘူး။ နတ်မော်၊ နိဗ္ဗာန်ဘက်က သူတွေ လည်း မလွတ်သေးဘူး“ ဟု ဒေသခံတစ်ဦး က ပြောသည်။

ပြန်မလွတ်သေးသူများမှာ ကြာအင်းရွာမှ အများစုဖြစ်ပြီး နှိပ်စက် စစ်ဆေးခံနေရကြောင်း ကြားသိရသည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

ထို့အပြင် မိသားစုများနှင့်လည်း အဆက်အသွယ် မရသေးသဖြင့် စိုးရိမ်နေကြသည်ဟု ဖမ်းဆီးခံထားရ သူများ၏ မိသားစုဝင်များနှင့် နီးစပ်သူ အချို့က ဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ည၉ နာရီအချိန်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၅ ဦး ဆိုင်ကယ် ၃စီးဖြင့် ကင်းလှည့်လာ စဉ် နိဗ္ဗာန်နယ်မြေ ရဲစခန်း အကျော်နှင့် အလယ်စုရပ်ကွက် အကြား၌ မိုင်းခွဲ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရကာ ရဲ နှစ်ဦး ဒဏ်ရရာ ရရှိသွားပြီးနောက် ၃ ရက်ဆက် တိုက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နိဗ္ဗာန် တိုက်နယ် ၏ အနောက်ဖက်ရှိ ကြာအင်းကျေးရွာကို ပြီးခဲ့သည့် ဇန္နဝါရီလ ဒုတိယပတ် အတွင်းကလည်း စစ်ကောင်စီ တပ်ဖွဲ့တစ်ဖွဲ့က ဝင်ရောက် စီးနင်းရှာဖွေခဲ့ရာ PDF စစ်သင် တန်းဆင်း ကိုမောင်မြင့်ဆိုသူ အပါအဝင် ၁၃ ဦးကို မောင်းပြန် သေနတ် ၁၃ လက်၊ ဗုံးအလုံး ၈၀ နှင့် အတူ ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

နိဗ္ဗာန် နယ်မြေ ရဲစခန်းက စစ်ကောင်စီ ရဲ ၅ ဦးဆိုင်ကယ် ၃ စီးဖြင့် ကင်းလှည့်လာနေစဉ် နိဗ္ဗာန် နယ်မြေ ရဲစခန်း အကျော်နှင့် အလယ်စု ရပ်ကွက်အကြားတွင် မိုင်းခွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် အဆိုပါ ရဲတပ်ဖွဲ့ကို အဝေးထိန်းစနစ်သုံးကာ နန်းထိုက်အောင်စစ် ဆင်ရေး အဖြစ် ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ယခုလ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းကလည်း ဟင်္သာတမြို့နယ်၊ ကွင်းကောက်မြို့ တောင်ဘက် ကမ်းအုပ် ချုပ်ရေးမှူးရုံးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စွန်ရဲနီ နွေဦး တော်လှန်ရေးတပ်ဖွဲ့ ၏ အောင်ဆန်း တပ်ရင်း က ဗုံးခွဲ တိုက်ခိုက်ခဲ့သည်။