စစ်ကောင်စီတပ်က အရာတော်မြို့နယ်ထဲတွင် နေအိမ်များမီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲရှိ ကျေးရွာငါးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မင်းရွာ၊ နွားမသင်းအရှေ့ရွာ၊ နွားမသင်းအနောက်ရွာ၊ သခွပ်ပလင်နှင့် ကျောက်ပျောက်ကျေးရွာများထဲသို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့်ပါသည့် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာပြီးနောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “မင်းရွာတင်မကဘူးဗျ၊ နွားမသင်းအရှေ့ရွာ အနောက်ရွာ သခွပ်ပလင်ပါတယ်။ ကျောက် ပျောက်မှာ ၂၀ ရက်နေ့က ဝင်ပြီးတော့ ထွက်သွားတဲ့ စစ်ကြောင်းက ရှို့တာ။ နောက် ၃ ရက်မြောက်နေ့မှာ နွားမ သင်းအရှေ့ရွာ၊ အနောက်ရွာ၊ သခွပ်ပလင် အဲ့ ၃ ရွာက တစ်ရက်ဗျ။ နောက်ပြီးတော့မှ မင်းရွာကိုဝင်တယ်။ မင်း ရွာကိုတော့ သူတို့တော်တော်နဲ့ မဝင်နိုင်ဘူးဗျ။ မင်းရွာဝင်ပြီးတော့ ဒုတိယမြောက်ရက်မှာ လေကြောင်းနဲ့ လေ ယာဉ်သုံးစီးနဲ့ မလဲသာမှာ လူ ၁၀၀ လောက်ချထားခဲ့တယ်။ အဲ့ဒီအဖွဲ့က မလဲသာရွာထဲမှာ ကားတွေကို မီးရှို့သွား တယ်” ဟု ပြောသည်။
နွားမသင်းအရှေ့ကျေးရွာ၊ နွားမသင်းအနောက်ကျေးရွာတို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မီးရှို့ခဲ့ပြီး မင်းရွာအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၅ ရက်ဆက်တိုက် မီးရှို့နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆက် ပြောသည်။
“မနက်ပိုင်းမှာက မလဲသာက စစ်ကြောင်းက ပဒတ္ထိုင်းဘက်ကို ထွက်သွားပြီးတော့ ပဒတ္ထိုင်းရွာလယ်က PDF စခန်းကို မီးရှို့သွားတယ်။ အခု အဲ့ဒီစစ်ကြောင်းက ပဒတ္ထိုင်းရဲ့ အရှေ့တောင်ဘက်ကို တက်သွားပြီ။ ကန်တော် ဘက်ကို ထွက်မယ်ထင်တယ်။ အခုချိန်ထိက မင်းရွာမှာ စစ်တပ်က ရှိနေသေးတယ်။ ၅ ရက်မြောက်ရှိပြီ။ အသေအကြေတို့ အိမ်အလုံးရေလည်း မသိသေးဘူး။ နွားမသင်းအရှေ့ရွာဆို တစ်အိမ်ပဲ ကျန်တယ်လို့ သတင်း ရထားတယ်။ နှစ်ချီ အရှို့ခံရတာပေါ့နော်။ စာသင်ကျောင်းတွေရော ဘုန်းကြီးကျောင်းတွေရောပါတယ်လို့တော့ သိထားတယ်။”
အရာတော်မြို့နယ်အတွင်းရှိ မင်းရွာ၊ မလဲသာကျေးရွာနှင့် ကန်ရင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက် ဆီးခဲ့သည်ဟု အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်များကို မီးလိုက်လံ ရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသအတွင်းရှိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။
အဆိုပါ တိုက်ခိုက်မှုကို Zero ပြောက်ကျားအဖွဲ့၊ တပ်ရင်း-၇ မြင်းခြံခရိုင်၊ တပ်ရင်း-၂ မြင်းခြံခရိုင်၊ တပ်ရင်း-၁ စစ် ကိုင်းခရိုင်၊ တပ်ရင်း-၂ တပ်ခွဲ-၁ GTR တပ်ခွဲ၊ မန္တလေးခရိုင် တပ်ရင်း၊ မိုးကြိုးဆားတောင်ဦး အဖွဲ့၊ မန္တလေး UG အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၆ နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။