ရမ်းသန်းပစ်သော လက်နက်ကြီးကြောင့် ဒီးမော့ဆို ဒေသခံ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။