PDF စခန်းတိုက်ခံရ၊ PDF ၉ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။

စစ်ကောင်စီတပ်၏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရခြင်းကြောင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက တာဝန်ရှိသူများက ပြော သည်။

ကော့သောင်းခရိုင်တပ်ရင်း – ၁ မှ ပုလဲစစ်ကြောင်း၊ KNLA တပ်ရင်း – ၂၀၃ နှင့် KTLA တို့ပူးပေါင်း၍ စစ်ရေး လှုပ် ရှားနေချိန် ပုလဲစစ်‌‌ကြောင်းမှူး မြစ်ချောင်း ဦးစီးသည့်အဖွဲ့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်က အင်အားများတယ် သုံးဘက်ညှပ်ပြီး လက် နက်ကြီးတွေ ဆက်တိုက်ပစ်ပြီး ဝင်တိုက်တာ။ အင်အား မမျှတာကြောင့် ကျဆုံးသွားတဲ့ ရုပ်အလောင်းတွေကို ပြန်မကောက်နိုင်ခဲ့ဘူး” ဟု ပြောသည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ထိုင်းနယ်စပ်ရှိ ရှမ်းကိုးရွာဒေသ ဝိုင်ဒင်းကျေးရွာအနီး မတ်လ ၄ ရက် နေ့၊ နံနက် ၅ နာရီ ၄၅ ခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်း အချို့ဆုံးရှုံးခဲ့ကာ ကျဆုံးသူများထဲတွင် ကော်သူးလေ တပ်မတော်- KTLA တပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ယခုတိုက်ခိုက်ခံရခြင်းသည် ဝိုင်ဒင်းရွာသားအချို့၏ လမ်းပြပေးမှုနှင့် စစ်ကောင်စီမှ သာလွန် အင်အား အသုံးပြု ကာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း ပါဝင်ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ၉ ဦး နာမည်နှင့်တပ်ဖွဲ့ အမည်များအပြင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်များကိုလည်း မြေပြင် အခက်အခဲများကြောင့် ဆက်သွယ်စိစစ်နေဆဲ ဖြစ်ကြောင်း ကိုလည်း ဖေါ်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ထပ် PDF ပူးပေါင်းအဖွဲ့များက စစ်ကူ လာရောက် တိုက်ခိုက်ပေးခဲ့ကြသော် လည်း လက်နက်အင်အားနှင့် လူအင်အား မမျှတသောကြောင့် မတ်လ ၄ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ဆုတ်ခွာခဲ့ရသည်ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ထောက်ခံ ရေးသားလေ့ရှိသည့် ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင်မူ ဝိုင်ဒင်းကျေး ရွာ အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး သေနတ် ၅ လက်၊ ကျည် ၂၀၀ တောင့်၊ လက်လုပ်မိုင်း ၃၈ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာပင် ရေးသားထားသည်။

မြန်မာ – ထိုင်းနယ်စပ်ရှိ ရှမ်းကိုးကျေးရွာ ဒေသတွင် ဝိုင်ဒင်းကျေးရွာ အပါအဝင် အေးမြမင်္ဂလာနှင့် တပ်ဦး မြိုင် သာယာကျေးရွာ တို့ကို ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကော်သူးလေတပ်မတော်တို့က ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကြေညာခဲ့သည်။

ကြေငြာချက် ထုတ်ပြန်ပြီးသည့်နောက် ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ ကော့သောင်းမြို့နယ်အတွင်း စစ် ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲအကြိမ်ရေ ၇ ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ သည်။

ဆက်တိုက်ဖြစ်ပွားခဲ့သည့် နှစ်ဘက်တိုက်ပွဲများကြောင့်လည်း ဒေသခံရွာသား အယောက် ၁၄၀ နီးပါး ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။