အင်္ဂပူတွင် နေအိမ် ၈ လုံး ချိတ်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်။
အင်္ဂပူမြို့နယ် အတွင်းက စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲများက နေအိမ် ၈ လုံး ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ အမှတ် ၁ ရပ်ကွက်မှ နေအိမ် ၁ လုံးနှင့် ကျေးရွာ ၅ ရွာတို့မှ နေအိမ် ၇ လုံး၊ စုစုပေါင်း နေအိမ် ၈ လုံးတို့ကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့ဝင်များက လာရောက် ချိပ်ပိတ် သွားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
ယခု ချိပ်ပိတ်ခံလိုက်ရသည့် အိမ်များမှာ ပုဒ်မတပ်ကာ ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေ သူများ ၏ အိမ်များဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ် သူတစ်ဦးက “တချို့က PDF တွေဆိုပြီး စွပ်စွဲခံထားရတယ်။ တချို့ကိုတော့ PDF တွေ ကို ကူညီတယ်၊ ထောက်ပံ့ပေးနေတယ် ဆို ပြီး ပုဒ်မတွေတပ်ပြီးဖမ်းလို့ ထွက်ပြေးနေကြရတဲ့သူရဲ့ အိမ်တွေကို ချိပ်ပိတ်တာ” ဟု ပြောသည်။
အဆိုပါ နေအိမ် ၈ လုံးကို မတ်လ ၆ ရက်နေ့က နေအိမ်ပေါ်တွင် နေထိုင်လျှက်ရှိသည့် မိသားစုဝင်များကို ချက် ချင်း ဖယ်ရှားခိုင်းပြီး ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
အင်္ဂပူမြို့နယ် အမှတ် (၁) ရပ်ကွက် အနောက်စုလမ်းမှ မအိသက်ပိုင်၏ နေအိမ်၊ မဲဇလီစုကျေးရွာမှ ကိုဝင်းနိုင်၏ နေအိမ်၊ ရေကျော်အနောက်ကျေးရွာမှ ကိုကျော်စွာမိုးနှင့် ကိုဇော်မင်းဦးတို့၏ နေအိမ် (၂) လုံးကို ချိပ်ပိတ်လိုက် သည်ဟု အနီးအနားက ဒေသခံများက ပြောသည်။
အလားတူ တရက်တည်းမှာပင် ရိုးလေးဝကျေးရွာမှ ကိုကြည်မိုးနှင့် ကိုလင်းထက်စံတို့၏ နေအိမ် (၂) လုံး၊ ရေ ကျော်ကျေးရွာမှ ကိုသာအေး ဆိုသူ၏ နေအိမ်နှင့် ခြောက်ရွာ ကျေးရွာအုပ်စုမှ ကိုဘိုဘိုဇင် ဆိုသူတို့၏ နေအိမ် များ ချိပ်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။
အမှတ် ၁ ရပ်ကွက်မှ အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးက “သူတို့ ဖမ်းချင်တဲ့သူကို မမိလို့ ကျန်နေတဲ့ မိသားစု တွေ နေစရာမရှိအောင် လုပ်တာ။ တစ်ယောက်လုပ်ရင် အကုန် ခံရမယ် မှတ်ထားဆိုပြီး ကြောက်စိတ်ကို ရိုက် သွင်းတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ကြံခင်းမြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံ စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုမခံရဘဲ တိမ်းရှောင်နေသူ ဒေသခံ ၆ ဦး၏ နေအိမ်များကိုလည်း စစ်ကောင် စီက လိုက်လံချိပ်ပိတ်ခဲ့သေးသည်။