အဖြေလွှာ ပို့သည့်ကား မိုင်းဆွဲ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်။

အင်္ဂပူတွင် စာမေးပွဲအ‌ဖြေလွှာများပို့သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ မိုင်း ဆွဲတိုက်ခိုက်ခံလိုက်ရသည် ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အထက်တန်းကျောင်းအနီး အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် မတ်လ ၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စွန်ရဲနီ နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “အဖြေလွှာစာရွက်တွေပို့တဲ့အဖွဲ့ကို လုံခြုံရေးယူပေးပြီး ဆိုင်ကယ်တွေနဲ့လိုက်လာတာ၊အဲဒီအချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တာ” ဟု ပြောသည်။

မဲဇလီကုန်းမြို့၊ အထက်တန်းကျောင်းတွင် ပြုလုပ်နေသည့် စာမေးပွဲကို လုံခြုံရေးယူပေး အပြီး စာမေးပွဲ အဖြေ လွှာများ ပို့သည့်အဖွဲ့အား ထပ်မံ၍ အစောင့်အရှောက်အဖြစ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး များကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု စွန်ရဲနီ နွေဦးတော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲ ၅ ဦးနှင့် ပျူစောထီး ၁ ဦးတို့ စီးလာသည့် ဆိုင်ကယ် ၄ စီး လမ်းဘေးမြောင်းအတွင်း ထိုးကျသွားသည်ကို မြင်တွေ့ရ‌လိုက်ရသည်ဟု အသက် ၃၀ ကျော်ခန့် အရွယ်ရှိသူ အမျိုးသမီးတစ်ဦးက ပြော သည်။

အဆိုပါ အမျိုးသမီးက “ချက်ချင်းပဲ မြို့ထဲလမ်းတွေကိုပိတ်ပြီး စစ်သားတွေ ရဲတွေက လမ်းသွားလမ်းလာတွေ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်၊ဖမ်းတာဆီးတာတော့ မတွေ့သေးဘူး” ဟု ပြောသည်။

ဗုံးခွဲတိုက်ခိုက်မှုကို စွန်ရဲနီ နွေဦးတော်လှန်ရေးတပ်ဖွဲ့ – အောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ် (ပကဖ) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

မတ်လ ၂ ရက်နေ့ကလည်း အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းအပိုင်၊ ရိုးမ‌တောအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီ တပ်ဖွဲ့များအား စွန်ရဲနီနွေဦးတော်လှန်ရေးတပ်ဖွဲ့ – အောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ်(ပကဖ)တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။