စစ်ကောင်စီ ဂိတ်တွင် ဒေသခံအမျိုးသားများအား ကင်းစောင့်ခိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တောင်ဘက်အထွက် အနီးရှိ အုတ်ဖိုသည့်နေရာတွင် ရှိသည့် စစ်ကောင်စီ၏ ဂိတ်တွင် ဒေသခံ အမျိုးသားများအား အလှည့်ကျ ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။
မတ်လ ဒုတိယပတ်မှ စတင်ကာ အုတ်ဖိုသည့်နေရာတွင် ကင်းတဲဆောက်ပြီး ဂိတ်လုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၊ ပျူစောထီးများ ထိုင်သည့်နေရာတွင် မြို့တွင်းနေ အမျိုးသားများအား အလှည့်ကင်းစောင့်ခိုင်းခြင်း ဖြစ်သည်။
ဒေသခံ အမျိုးသားတစ်ဦး “ပျူစောထီးတွေက ခိုင်းနေတာဗျ။ အလှည့်ကျ ဆယ်အိမ်စုလိုက် ကင်းစောင့်ရမယ် ပေါ့နော်။ ကင်းမစောင့်ချင်တဲ့လူတွေက တောထဲမှာ နေကြပေါ့။ မြို့မှာနေရင်တော့ ကင်းစောင့်ရမယ် အဲ့လိုမျိုး ပြောပြီး ခေါ်ခိုင်းနေတာ” ဟု ပြောသည်။
မတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ အုတ်ဖိုဆိုသည့်နေရာတွင် ကင်းတဲဆောက်လုပ်က ကင်းစောင့်နေကြ ခြင်း ဖြစ်သည်။
ကနဦးတွင် စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များက အတူ ဂိတ်ထိုင်ခဲ့ကြသောလည်း နောက်ပိုင်းတွင် အချင်း ချင်းကြား ပြဿနာဖြစ်ပြီးနောက် ဒေသခံအမျိုးသားများကို အတင်းခေါ်ယူကာ ဂိတ်ထိုင်ခိုင်းခြင်း ဖြစ်သည်ဟု အမျိုးသားတစ်ဦးက ဆက်ပြောသည်။
“အခုက အဲ့ဂိတ်ကို ပျူတွေကကောင်တွေလည်း မလာကြဘူး။ သူတို့အချင်းချင်း ဆဲဆို ရန်ဖြစ်ပြီး လူထုကို အတင်းခေါ်ခိုင်းနေတယ။ ကျွန်းလှက တပ်အထိုင်တော့ မရှိဘူး။ တပ်မအနေနဲ့ ထိုင်ထားတာမျိုးမဟုတ်ဘူး။ တပ်က စစ်သား ၈ ယောက်လောက်ရှိမယ်။ နောက်ပြီး ပျူတွေရှိတယ်ပေါ့ဗျာ။ ပျူတွေကတော့ များတယ်ဗျ။”
အဆိုပါ အုတ်ဖိုဂိတ်တွင် ကင်းလာ မလာစောင့်ပါက မြို့ထဲ၌နေခွင့်မပေးဘဲ တောထဲတွင် သွားနေခိုင်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။
ထို့ကြောင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင် ရပ်ကွက်တွင် ဒေသခံများက အစည်းအဝေး တစ်ရပ်လုပ်ပြီး အလှည့်ကျ ကင်းစောင့်ခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းက ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့်အတူ စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးတပ်တွေ ဝင်ရောက်ကာ မကြာခဏ မီးရှို့ ဖျက်ဆီးခံနေရသည့် မြို့နယ် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ခဲ့ခြင်းကြောင့် အနီးအနားရှိ ဒေသခံ နှစ်ထောင်ဝန်းကျင်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောသည်။
ဇန္နဝါရီ ၃၀ ရက်နေ့၊ နံနက် ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က ကျွန်းလှမြို့နယ် တောင်ယာဆိပ်အုပ်စုအတွင်းရှိ ကျေး ရွာ ၄ ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်က နယ်မြေရှင်းလင်းရေး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ခဲ့ပါသေးသည်။