စရဖ ရုံးဗုံးကွဲ၊ စစ်သား ၄ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်။
ပြည်မြို့ စရဖရုံးတွင် ဗုံးကွဲပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကြောရေး စခန်းအဖြစ် အသုံးပြုနေသည့် ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မင်းကြီးတောင်ရှိ၊ စရဖရုံးတွင် ဗုံးပေါက် ကွဲမှုကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သား ၄ ဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဆင်စုရပ်ကွက်နေ အသက် ၃၀ အရွယ် လူငယ်တစ်ဦး “ပါဆယ်ဗုံးက ပေါက်တာဆိုပေမယ့် ရွှေ့ပြောင်းလာတဲ့ တပ်သားတွေ ကားပေါ် ပါလာတဲ့ ပါဆယ်ဗုံးက ပေါက်တာပါ။ ပြောင်းလာတဲ့ ကောင်တွေထဲကို ပါဆယ် ဗုံးပုံစံ ပါလာတာ ဘယ်သူမှသွားလို့ မရတဲ့ နေရာမှာ ပေါက်တာ” ဟု ပြောသည်။
အရပ်သားများသွားလာခွင့်မရှိသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတွင် မတ်လ ၁၂ ရက်နေ့က ကင်းတပ်ဖွဲ့ အသစ်ပြောင်းလာစဉ် ကားပေါ်`၌ပါလာသည့် ပါဆယ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်သည်ဟု ပြည်မြို့ခံ များက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီလက်အောက်ခံ တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ရာ ၄ ဦးမှာ ပြင်းထန်ဒဏ် များနှင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မင်းကြီးတောင်ကို ယခင်က ဖြတ်သန်းသွားလာ၍ ရသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မောင်းတံဂိတ်ချကာ အပြင်လူများကို အဝင်မခံဘဲ စစ်ကြောရေးစခန်းအဖြစ် အသုံးပြုနေသည့် နေရာဖြစ်သည်ဟု ပြည် မြို့ခံများက ပြောသည်။
ထို့ကြောင့် အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ကားပေါ်တွင် လာသည့် ဗုံးသာဖြစ်သောကြောင့် စစ်ကောင်စီတပ်အနေဖြင့် ကိုယ်ဗုံးနှင့် ကိုယ်ကွဲခြင်းသာ ဖြစ်နိုင်သည်ဟု မြို့ခံအချို့က ဆိုသည်။
ဗုံးပေါက်ကွဲသံကို ပြည်မြို့ထဲက အထိကြားရသည်ဟု ဆိုကြသည်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရရှိသူများသည် စိုးရိမ်ရသည့် အခြေအနေရှိကာ လက်ရှိတွင် ရွှေတောင်မြို့ ကုတင် ၁၀၀ ဆန့် စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူများက ဆိုသည်။