မင်းတုန်း PDF လုပ်ရပ် ပြည်သူများ ဝေဖန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်။

လက်နက်အားကိုးနှင့် အရပ်သား ပစ္စည်းများ ယူငင်သွားသော မကွေးတိုင်း မင်းတုန်းက မြို့နယ် အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ လုပ်ရပ်အချို့နှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်နေသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့က Mindone Revolution force အဖွဲ့၏ လုပ်ရပ်ကို အခြား ပကဖအဖွဲ့နှင့် PDF များက သတိပေးထိန်းကြောင်းပေးရန် ဒေသခံများက ဆန္ဒရှိသည်ဟု ပြောသည်။

အသက် ၃၀ အရွယ် ဒေသခံတစ်ဦး က “ဒလန်ရှင်းရင် ရှင်းပေါ့။ မဆိုင်တဲ့ပစ္စည်းတွေ အကုန်ယူတာတော့ စကစနဲ့ ဘာမှမထူးဘူး။ ပြီးတော့ မူးနေကြတာ ဆဲဆိုရိုင်းပြပြီး လက်နက်အားကိုးနဲ့ လုပ်သွားတာမို့ စည်းကမ်းရှိတဲ့ အဖွဲ့ တွေ ပုံရိပ်ထိခိုက်မှာစိုးတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၉ ရက်နေ့၊ ည ၇ နာရီခန့်က မင်းတုန်းမြို့နယ်၊ သဖန်ရောင်ကျေးရွာမှ စစ်ကောင်စီ သတင်း ပေးဆိုသူ ဦးကျော်စိုးဝင်းကို Mindone Revolution force အဖွဲ့က သွားရောက်ရှင်းလင်းခဲ့စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

Mindone Revolution force အဖွဲ့က စစ်ကောင်စီ သတင်းပေး ဦးကျော်စိုးဝင်း အား သွားရောက်ရှင်းလင်းရာ ဦးကျော်စိုးဝင်း ဈေးဆိုင်က ဆန်အိတ်များ၊ အခြား ကုန်ပစ္စည်းများနှင့် ဆိုင်ကယ်ကို ယူဆောင်သွားပြီး ကုန်ပစ္စည်း များကိုပါ အကုန်သယ်ယူသွားခဲ့သည်။

၎င်းတို့အဖွဲ့ သယ်ယူသွားသည့် ပစ္စည်းများ၏ ကာလတန်ဖိုးမှာလည်း ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိသည်ဟု နီးစပ် သူများက ပြောသည်။ ထိုသို့ ပစ္စည်းများကို သိမ်းယူသွားခြင်းမျိုးကို မလုပ်သင့်ဘူးဟု မြို့ခံအချို့က ဆိုသည်။

စိတ်ဓာတ်စည်းကမ်း မကောင်းသည့် ယခုလုပ်ဆောင်မှုသည် အခြား ပကဖများနှင့် PDF များအတွက် အရှက်ရ စရာ ဖြစ်ပြီး ထောက်ပံ့နေသူများ၊ အမာခံထောက်ပို့များကြား မျက်နှာပျက်စရာလည်း ဖြစ်ရသည်ဟု ဝေဖန်မှုများ ရှိနေသည်။

Mindone Revolution force အဖွဲ့က PDF အမည်ခံ ၆ ဦး အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူသည် မူးယစ်ဆေးများ သုံးစွဲတတ်သူဖြစ်သည်ဟုလည်း မြို့ခံများက ဆိုသည်။

Mindone Revolution force အဖွဲ့က၏ ယခုလုပ်ရပ်အပေါ် လူထုက လက်မခံကြောင်းနှင့် ဆန့်ကျင်လာနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထို့ကြောင့် Mindone Revolution force အဖွဲ့၏ လုပ်ရပ်ကို အခြား ပကခအဖွဲ့များ နှင့် PDF များက သတိပေးထိန်း ကြောင်းမှု ပြုလုပ်ရန်လည်း ဒေသခံများက ဆန္ဒရှိနေကြသည်။

မင်းတုန်းမြို့နယ်၌ NUG လက်အောက်ခံ၊ သရက်ခရိုင်၊ တပ်ရင်း-၄ (Eangle Force) နှင့် မင်းတုန်းပကဖ အဖွဲ့ Swallow PDF Magway၊ Mindone Revolution force အဖွဲ့ ACDF၊ အရှိုချင်း ကာကွယ်ရေးတပ် အပါအဝင် အဖွဲ့ ၄ ဖွဲ့ရှိသည်ဟု နီးစပ်သူများက ပြောသည်။