ရေးတိုက်ပွဲအတွင်း အရပ်သား နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၂ ရက်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား တိုက်ခိုက်မှုအတွင်း အရပ် သား ၂ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။
မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ် ကားလမ်း ဘေးလမိုင်းနှင့် အေးသာယာကျေးရွာအကြား ဖြစ်ပွားခဲ့ သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
လမိုင်းဒေသခံတစ်ဦးက “ကားက လမိုင်းကနေ မော်လမြိုင်ကို ဆေးခန်းပြဖို့သွားတာ သူတို့ကားရှေ့မှာက စစ် တပ်ကား အဲ့စစ်တပ်ကားကို PDF တွေက ပစ်တာ။ ပစ်တော့ အနောက်က လိုက်ပါလာတဲ့ကားပါ ပစ်ခံထိသွား တယ်။ ကားပေါ်မှာက လင်မ ယား ၂ ယောက်နဲ့ သူတို့သား ၃ ယောက်ပေါ့ ပါတယ်။ ကလေးတော့ မထိဘူး။ လင်မယား ၂ ယောက်ပဲ ထိသွား တယ်” ဟု ပြောသည်။
ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီ ဝန်းကျင်အချိန်ခန့်က ရေး-သံဖြူဇရပ် ကားလမ်း ဘေးလမိုင်းနှင့် အေးသာယာ ကျေးရွာအကြားတွင် စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် ပစ်ခတ်တိုက်ခိုက် စဥ် စစ်တပ်ကားနောက်တွင် လိုက်ပါလာသည့် အိမ်စီးကား ၁ စီးပါ ထိမှန်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အိမ်စီးကား ပစ်ခတ်ခံရမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အသက် ၄၈ နှစ်အရွယ် ဦးမောင်ဝနှင့် ဇနီးဖြစ် သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ကွမ်းဟလယ်တို့ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမောင်ဝသည် နောက်ကျော ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်နှင့် ဒေါ်ကွမ်းဟ လယ် သည် ခြေထောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သူ ၂ ဦးကို လူမှုကယ်ဆယ်ရေး အသင်းများ၏ အကူအညီဖြင့် လမိုင်းဆေးရုံမှ တဆင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူက ပြောသည်။
ဧပြီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမျိုး မရှိသေးသည့်အပြင် နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေများနှင့် ပတ်သက်၍လည်း မသိရသေးပေ။
ရေး-သံဖြူဇရပ်ကားလမ်း အထူးသဖြင့် ယခု ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာတဝိုက်တွင် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။