ဖမ်းဆီးခံထားရသော ရာအိမ်မှူး အလောင်းကို သေနတ်ဒဏ်ရာဖြင့် ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဖမ်းဆီးခံရပြီးနောက် နှစ်ရက်အကြာ ဦးခေါင်း၌ သေနတ်ဒဏ်ရာဖြင့် သေဆုံး နေသည့် အလောင်းကို တနင်္သာရီမြစ်အတွင်း တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ပစ်သတ်ခံထားရသူမှာ ဦးထွန်းဝင်းနိုင် အသက် ၅၀ နှစ်ဖြစ်ပြီး စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဖြစ်သလို စစ် ကောင်စီ သတင်းပေးတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက “သူ့ကို သတင်းပေးမလုပ်ဖို့ သတိပေးတာ လေးကြိမ် ရှိပါ ပြီ။ ဖုန်းနဲ့ ဆက်ပြီးလည်း လှမ်းသတိပေးတယ်။ ဆက် လုပ်နေတာမို့လို့ အခုလို ရှင်းလင်းလိုက်ရတာပါ” ဟု ပြောသည်။
ရာအိမ်မှူးသည် ကျေးရွာအတွင်း နေထိုင်သည့် CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအဖွဲ့ဝင်များ၏ အချက် အလက်များကို စစ်ကောင်စီတပ်သို့ သတင်းပေးပို့ခဲ့သဖြင့် ဖမ်းဆီးခံရသူများရှိခဲ့သည်ဟု ဒေသခံအချို့က ဆို သည်။
နေအိမ်တွင် ရှိနေသည့် ဦးထွန်းဝင်းနိုင်ကို ဧပြီလ ၇ ရက်နေ့၊ ည ၁၂ နာရီခွဲ အချိန်ခန့်က လူ ၇ ဦးခန့်ပါသည့် အဖွဲ့ တစ်ခုက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက်ဖမ်းဆီးခံရပြီးနောက် နှစ်ရက်အကြာ ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီမြစ်အတွင်း ဦးခေါင်း ကျည်ထိမှန် ဒဏ်ရာဖြင့် မျောပါနေသည်ကို တွေ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဖာနီကျေးရွာမှ ရာအိမ်မှူး ဦးထွန်းဝင်းနိုင်ကို တနင်္သာရီမြို့နယ် ပကဖ အဖွဲ့ ဝင် နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။
နဂါးနက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီးနောက် မှတ်ပုံတင်နှင့်အတူ သတင်းပေးပို့မှု အချက် အလက် အထောက်အထားများ ပါဝင်နေသည့် ဖုန်းလေးလုံးကိုပါ သိမ်းဆည်းခဲ့ရှိသည်ဟု ပြောသည်။