ကြံခင်း မြို့နယ် အုပ်ချုပ်ရေးမှူးအိမ် ဗုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

ကြံခင်းမြို့က မြို့နယ်အုပ်ချုပ်ရေးမှူး၏ နေအိမ်ဝန်းအတွင်း ဗုံးပေါက်ကွဲခဲ့ပြီး လမ်းပေါ်တွင် ဖြတ်သန်းသွား လာ သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌သည်ဟု ဒေသခံများက‌ ပြောသည်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၏ နေအိမ်ခြံ ၀န်းအတွင်း ဧပြီလ ၈ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ရွာသစ်ရပ်ကွက် အတွင်းနေထိုင်သူ တစ်ဦးက‌ပြောသည်။

အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးက “ဗုံးပေါက်တဲ့အသံက တော်တော်ကျယ်တယ်။ ခြံဘေးလမ်းပေါ်က သွား နေတဲ့ ရပ်ကွက်ထဲက တစ်ယောက် ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲများရောက် ရှိလာပြီး ရပ်ကွက်အတွင်းရှိ လမ်းများနှင့် ကြံခင်းမြို့ပေါ်ရှိ လမ်းများကို ပိတ်ဆို့ကာ စစ်ဆေးမှုများ တင်းတင်း ကြပ်ကြပ် လုပ်‌ခဲ့သည်ဟု ပြောသည်။

ရဲတပ်ဖွဲ့နှင်းနီးစပ်သူတစ်ဦးက “ဗုံးက ခြံထောင့်မှာပေါက်တာ ဗုံးစထိမှန်သွားတဲ့သူကိုတော့ ဆေးရုံပို့ထားတယ် အိမ်စီး ကားတစ်စီးလဲ နည်းနည်းပျက်ဆီးသွားတယ်” ဟု ပြောသည်။

ဗုံးစထိမှန်သူမှာ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်မှ အသက် ၃၈ နှစ်ခန့်အရွယ်ရှိသော ကိုပြောင်ကြီးဆိုသူ ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုးမဟုတ်ဘူးဟု ကြံခင်းမြိုနယ်ဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြော သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုမှာ ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအလိုကျ ပြည်သူများအား အနိုင် ကျင့် ဖိနှိပ်မှုများ လုပ်ဆောင်နေသည့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို သတိပေးခြင်းဖြစ်သည်ဟု ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

ထို့အပြင် ကြံခင်း-ပကဖ အဖွဲ့အနေဖြင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ အထူးတောင်းပန်ပါ ကြောင်း နောက်နောင်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောနေရာများ၊ အဓမ္မပျော်ပွဲ သင်္ကြန်ပွဲများတွင် မပါဝင်ကြရန် ထုတ်ပြန်ချက်ထဲတွင် ရေးသားပါရှိသည်။