ပဇီကြီး ဗုံးကြဲ တိုက်ခိုက်မှု သေဆုံးသူ ၁၇၀ ကျော်သွားပြီ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က NUG ရုံးကို တိုက်ခိုက်တာလို့ ပြောဆိုလိုက်ပါတယ်။