တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ်  ( ၁၇ – ၄ – ၂၀၂၃ )

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီတပ်က ထုတ်ဖော်ပြောကြားပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဗုံးပေါက်ကွဲမှုမှာ လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ 

ဖက်ဒရယ်ကို အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ အုပ်ချုပ်ရေးစနစ်မျိုးကို တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်မှာ ကျင့်သုံးနိုင်အောင် လုပ်ဆောင်သွားမယ့်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ KSCC က ပြောဆိုလိုက်ပါတယ်။