မွန်ပြည်နယ်အတွင်း လွတ်မြောက်လာသူများတွင် နိုင်ကျဉ်းမပါ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်။

မွန်ပြည်နယ်က လွတ်လာသည့် အကျဉ်းသား ၂၀၀ ကျော်ထဲတွင် နိုင်ငံရေးအကျဥ်းသား တစ်ဦးမှ မပါဟု နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသူများက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်အသီးသီးမှ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန် လွတ်လာသည့် အကျဉ်းသား ၂၀၀ ကျော်ထဲတွင် နိုင်ငံရေးအကျဥ်းသားများ မပါဝင်ဘူးဟု ပြောသည်။

နိုင်ငံရေးအကျဥ်းသားများအရေး ကူညီလုပ်ဆောင်နေသူတစ်ဦးက “လွတ်လာတဲ့အထဲမှာ ပုဒ်မ ၅၀၅ နဲ့ အကျဥ်း ကျနေသူတွေ နိုင်ငံရေးအကျဥ်းသားတွေတော့ မပါဘူးလို့တော့ သိထားတယ်” ဟု ပြောသည်။

လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ ၂၁ ဦး၊ မော်လမြိုင်အကျဥ်းထောင်မှ ၁၇ ဦး၊ သထုံအကျဥ်းထောင်မှ ၂၅ ဦး အပါအဝင် အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်း အသီးသီးမှ အကျဉ်း သား၊ အကျဉ်းသူ ၂၂၄ ဦး ပါဝင်သည်ဟု အကျဥ်းထောင်အသီးသီးထံမှ သိရသည်။

အဆိုပါ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသည့် အကျဥ်းသား အကျဥ်းသူများထဲတွင် နိုင်ငံရေး အကျဥ်းသားများ ပါဝင်ခြင်း မရှိဘဲ အခြားသော ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းချခံထားရသည့် အကျဉ်းသား များ သာ ပါဝင်သည်ဟု နိုင်ငံရေးအကျဥ်းသားများအရေး ကူညီလုပ်ဆောင်နေသူများက ပြောသည်။

စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများထဲတွင် ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ ရဲပြေး၊ တပ်ပြေး အမှုများသာ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ ပါဝင်ခဲ့ခြင်း မရှိပါဘူးဟု မွန်ပြည် နယ်အတွင်း နိုင်ငံရေးအမှုဖြင့် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသားများအား ကူညီဆောင်ရွက်ပေးနေသူ များက ပြော သည်။။

ဧပြီလ ၁၇ ရက်နေ့က ကျရောက်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဥ်းကျခံနေရသည့် အကျဥ်းသား၊ အကျည်းသူ ၃၀၁၅ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ခဲ့သည်။

လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာစသိမ်း ချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၁၃၄၈ ဦးရှိပြီး ၎င်းထဲတွင် ၁၇၄၆၀ ဦး ထိန်းသိမ်းခံနေ ရဆဲ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။