ကားရပ်မပေးဟု ဆိုကာ ကားမောင်းလာသူ လူငယ်အား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်။

ရေဖြူမြို့နယ်တွင် ကားမောင်းလာသူ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာ တွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဟောင်း လူငယ်တစ်ဦး ကားမောင်းလာစဥ် စစ်ကောင်စီတပ် မှ သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားသည် ဟု ဒေသခံများက ပြောသည်။

ရေဖြူမြို့ခံ အမျိုးသားတစ်ဦးက “တကိုယ်လုံး ကျည်ထိထားတာ မြင်ရက်စရာမရှိဘူး။ အချက်ပေါင်း မနည်းဘူး။ သူက အလုပ်ထွက်ထားတာ လည်း ကြာပြီ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ ရေဖြူမြို့နယ် ထွေအုပ်ဝန်ထမ်းဟောင်း (အလုပ်ထွက်ထားသူ) ကိုကောင်းဝေယံဦး အသက် ၃၀ နှစ် ဆိုသူဖြစ်ပြီး ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာသား ဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့ အနောက်ကမ်း လမ်းဆုံနေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ကားရပ် ခိုင်း သည်ကို မရပ်ပေးသောကြောင့်ဟု ဆိုကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရေဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြော သည်။

ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ဆေးရုံသစ်နားဘက်မှ မြို့ထဲဘက်သို့ ကားဖြင့် ထွက်လာစဉ် စစ် ကောင်စီတပ် က ကိုကောင်းဝေယံဦးကို ပစ်ခတ်ခြင်း ဖြစ်သည်။

သေဆုံးသူ ကိုကောင်းဝေယံဦး၏ ရုပ်အလောင်းကို မိသားစုဝင်များက သစ်တိုထောင့်ကျေးရွာသို့ နေ့လည်ပိုင်း တွင် လာရောက်သယ်ယူသွားသည်ဟု ဆိုသည်။

တနင်္သာရီတိုင်းအတွင်း စစ်ဆေးရေး ဂိတ်များ၌ မရပ်ပေးသဖြင့်ဟု ဆိုကာ စစ်ကောင်စီတပ်များက ပစ်ခတ်နေ ခြင်းတို့ကြောင့် မကြာခဏသေဆုံးမှုများ ရှိနေသည်။