ကရင်နီ ထိုးစစ်တွင် စစ်ကောင်စီ အရေးနိမ့်နေဟု ကရင်နီ တော်လှန်ရေးအဖွဲ့များက ပြော

ကယား(ကရင်နီ) ပြည်နယ်ထဲ စစ်ကောင်စီတပ်က ကရင်နီတော်လှန်ရေး အင်အားစုတွေကို ချေမှုန်းနိုင်ရေး၊ ၂၀၂၁ နဲ့ ၂၀၂၂ တုန်းက ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ ပြန်လည်ရရှိနိုင်ရေးအတွက် စစ်အင်အားတွေ အလွန်အကျွံသုံးပြီး မြေပြင်ကရော ဝေဟင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်ပေမဲ့ အလူးအလဲကျဆုံးပြီး နယ်မြေဆုံးရှုံးမှုတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။