ကချင်ပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းအသုံးပြုမှု များလာ

ကချင်ပြည်နယ်အတွင်းရှိ ရှေ့တန်းတပ်စခန်းတွေထဲ စစ်ကောင်စီတပ်က တပ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေနဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ရာမှာ ကုန်းလမ်းထက် လေကြောင်းအသုံးပြုမှုကို အခုနောက်ပိုင်းမှာ ပိုမိုလုပ်ဆောင်လာတယ်လို့ KIO/KIA က ပြောပါတယ်။