KNU ဧရိယာတွင် စစ်ရှောင် ၆ သိန်းဝန်းကျင်ရှိပြီ ဟု KHRG ပြော
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းဝန်းကျင်အထိရှိ လာနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။