ဘီးလင်းတွင် KNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဘီးလင်း – သထုံလမ်းပိုင်း၊ ရွှေရောင်ပြကျေးရွာ အနီးတွင် ဧပြီလ ၂၉ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ် ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြသည်။

“ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ နာရီဝက်နီးပါးကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲ အတွင်း စစ်တပ် ဘက်က ၃ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိထားတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အသာစီးရခဲ့လို့ ထိခိုက်တာမျိုးမရှိဘူးလို့ ပြောတယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

အင်အား၂၀ ခန့် ဖြင့် လမ်းကင်းလုံခြုံရေး ယူနေသော စစ်ကောင်စီတပ်များကို KNLA တပ်ခွဲ ၃၊ HRS နှင့် သထုံ-ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ Drone အပြင် မြေပြင်မှလည်း အနီးကပ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် ထား သည်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က “ပစ်ခတ်မှုမှာ နေ့လည် ၂ နာရီခန့်အထိ ဖြစ်ပွားခဲ့တယ်” ဟု ထုတ်ပြန် ပြော ဆိုထားသည်။

ဘီးလင်း – သထုံလမ်းပိုင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိသည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပြန်လည် ပစ်ခတ်ခဲ့သည့်အပြင် အနီးအနားရှိ အမြောက်တပ် ၃၁၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဘီးလင်း – သထုံလမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကားလမ်းပိုင်းလည်း တစ်နာရီကျော်အကြာ လမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများနှင့် ခရီးသွားအချို့က ပြောသည်။

ဧပြီလ ၂၉ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်ကလည်း ဘီးလင်းမြို့နယ် အလုံတောင်ကျေးရွာအနီးတွင် စစ်ကောင် စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့် အပြင် စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများလည်း မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။