လွတ်ရက်နီး နိုင်ကျဉ်းများ ပြန်လွှတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။
ပုသိမ်အကျဉ်းထောင်က လွတ်ရက်စေ့ရန် ရက်ပိုင်းသာ လိုတော့သည့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၂ ဦး အပါအဝင် ၁၈ ဦးကို လွတ်ငြိမ်းခွင့်ဖြင့် လွတ်ပေးလိုက်သည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများက ပြော သည်။
စစ်ကောင်စီက ထောင်ဒဏ် အမိန့်ချထားပြီးဖြစ်သော နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင် အနက် ၁၈ ဦးကို မတ်လ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်ခန့်က လွှတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အကျဉ်း ဦးစီးဌာန နှင့် နီးစပ်သူ တစ်ဦးက “အားလုံး လွတ်ဖို့ ရက်ပိုင်းပဲ လိုတော့တာပါ။ အခုလွတ်လာတဲ့ သူ တွေထဲမှာ လွတ်ဖို့ လပိုင်းပဲလိုတဲ့ သူ ၂ယောက်ပဲပါတယ်။ ဒီမေလထဲမှာ လွတ်ရက်စေ့တဲ့ သူက အများစု ပါ တယ်” ဟု ပြောသည်။
လွတ်ငြိမ်းခွင့်ရရှိသူများမှာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားပြီး ထောင်ဒဏ် ၃ နှစ်စီ ကျခံနေ ရသော ပုသိမ်မြို့နယ်က အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး၊ ကျုံပျော်မြို့နယ်က အမျိုးသမီး ၁ ဦး၊ အမျိုးသား ၅ ဦးနှင့် ကျောင်းကုန်းမြို့နယ်က အမျိုးသား ၉ တို့ ဖြစ်သည်။
လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများက စစ်တပ်အာဏာ သိမ်းမှုကို လက်မခံနိုင်သည့် အကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ဖြစ်သည်။
ထို့အပြင် အချို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သော POST များကို လူမှုကွန်ရက် စာမျက်နှာတွင် ရေး သားမှုများနှင့် ပတ်သက်ပြီး ဒလန်များက စုံစမ်းသတင်းပေးခဲ့သဖြင့် စစ်ကောင်စီက ဖမ်းဆီး ထောင်ချခြင်းခဲ့ခြင်း ဖြစ်သည်ဟု လွတ်မြောက်လာသူများ၏ မိသားစုဝင်များ ထံကသိရသည်။
လွတ်မြောက်လာသူ၏ မိသားစုဝင်တစ်ဦးက “လွှတ်ပေးတာကလည်း လွတ်ခါနီး သူတွေနဲ့ လွတ်ရက်စေ့သူတွေ ပါတယ်။ ဘာမှ ကျေူဇူးတင်စရာ အကြောင်း မရှိပါဘူး။ တကယ် လွှတ်ပေးချင်ရင် ၅၀၅-က တွေ အများကြီး ကျန် နေသေးတယ်” ဟု ပြောသည်။
ပုသိမ် အကျဉ်းထောင်ထဲတွင် ပုသိမ်ခရိုင်အတွင်းက နိုင်ငံအကျဉ်းသား ၅၀၀ နီးပါးရှိသည့် အနက် အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၇၂ ဦး ရှိနေပြီး ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် အသီးသီး ချမှတ်ခံထား ရသည့် နိုင်ငံရေး အကျဉ်းသား အမျိုးသမီး/အမျိုးသား စုစုပေါင်း ၃၀၀ ကျော် ဝန်းကျင် ရှိနေသည်ဟု လွတ်မြောက်လာ သူ အချို့က ပြောသည်။
ပုသိမ် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စစ်ကောင်စီက မေလ ၃ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သူများထဲတွင် ပါဝင် သည်။