စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ရဲဘော်များ ထိခိုက်ကျဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်။
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၏ ရှေ့တန်း စစ်မျက်နှာ တစ်နေရာတွင် စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF)မှ ရဲဘော်များ ထိခိုက် ကျဆုံးခဲ့ သည်ဟု အဖွဲ့ပြန်ကြားရေး တာဝန်ရှိသူများက ပြောသည်။
ရှေ့တန်း စစ်မျက်နှာ တစ်နေရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (DMO-PDF) က ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု အဖွဲ့ပြန်ကြားရေး တာဝန် ရှိသူတစ်ဦး က ပြောသည်။
“ကျနော်တို့ အပြန်အလှန် ပစ်ခတ်တာတော့ မရှိဘူး။ ရန်သူနဲ့ မျက်နှာချင်းဆိုင် ထိတွေ့တိုက်ပွဲလည်း မဟုတ်ဘူး ပေါ့နော်။ ကျနော်တို့ စစ်ကြောင်းကို သူတို့ ဒရုန်းနဲ့ လှမ်းထောက်ပြီး ပစ်တယ်လို့ ယူဆရတယ်။ တိုက်ပွဲဖြစ်တာ တော့ မဟုတ်ဘူး။ ကျနော်တို့ လှုပ်ရှား စစ်ကြောင်းကို လက်နက်ကြီးနဲ့ လှမ်းပြီးထုတော့ ထိခိုက် ကျဆုံးသွား တာပေါ့။”
အဆိုပါ ရဲဘော်မှာ မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်၌ အဆောက်အအုံတစ်ခု၏ နံရံဘေးတွင် ကပ်နေ စဉ် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ရဲဘော်တစ်ဦး ကျဆုံးခဲ့သည့်အပြင် အခြားရဲဘော် ၅ ဦးမှာလည်း ထိမှန်ဒဏ်ရာများ ရခဲ့သေးသည်ဟု DMO-PDF ၏ ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
“ကျန်တဲ့ တချို့လည်းဒဏ်ရာရတာ ရှိတယ်လေ။ တအားတော့ မစိုးရိမ်ရဘူးပေါ့။ ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ။ သူ ကတော့ ပွဲချင်းပြီးပေါ့။ ဆေးရုံသွားတော့ ဆေးကုသမှုလည်း မမီလိုက်ဘူးပေါ့နော်။ ဖြစ်ဖြစ်ချင်း ကျဆုံး သွားတာပေါ့။”
ကျဆုံးသွားသည့် ရဲဘော်မှာ DMO-LPDF ၏ တပ်ရင်း ၁၊ တပ်ခွဲ မှ အသက် ၂၀ အရွယ် ရဲဘော် အငယ်လေး (ကိုယ်ပိုင်အမှတ်- DMO 100047)ဖြစ်ပြီး တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၁ နှစ်ကျော်ခန့် ရှိပြီဖြစ် သည်ဟု ဆိုသည်။
DMO-PDF တပ်ရင်း အနေဖြင့် ယခင်က စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲတွင် ရဲဘော်များစွာ ကျဆုံးခဲ့ဖူး သော်လည်း ယခုကဲသို့ စစ်ကောင်စီ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ကျဆုံးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ် သည်ဟု ဆိုသည်။
DMO-PDF တပ်ရင်းသည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) တိုက် ရိုက် လက်အောက်ခံ တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို ၁၁၀၂ တပ်ရင်း ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ဧပြီလ ၂၇ ရက်နေ့ ညတွင်လည်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို ၁၁၀၂ တပ်ရင်း၏ တပ်စခန်းကို စစ်ကောင်စီ တပ်က လေကြာင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော် မျိုးမြင့်မြတ် ပွဲချင်းပြီး ကျဆုံးခဲ့ပြီး နောက်ထပ် အမျိုး သမီး ရဲဘော် ၂ ဦးမှာလည်း မစိုးရိမ် ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။