KNU ကွန်ဂရက် ထုတ်ပြန်ချက်များသည် ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ဦးတည်နေဟု စစ်ကောင်စီဆို
၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU)ကွန်ဂရက်အပြီး ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အချက်တွေဟာ အပြုသဘောမဆောင်ဘဲ NCA ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းကို ဦးတည်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုလိုက်ပါတယ်။