ကျောင်းအုပ်ဆရာမကြီးတစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်။
ပုလောမြို့နယ် ကဒဲကျေးရွာမှ အလယ်တန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသွားသူမှာ မကျည်းကုန်းကျေးရွာတွင် နေထိုင်သူ ဒေါ်စုလတ်ဖြူ အသက် ၃၄ နှစ် ဖြစ်ပြီး ယခင်က ဇရပ် ဆိပ်ကျေးရွာ ကျောင်းအုပ်ဆရာမ ဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ကဒဲကျေးရွာ အလယ်တန်း ကျောင်း အုပ်ကြီးအဖြစ် ရာထူးတိုး တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
အသက် ၃၅နှစ်အရွယ် ကဒဲရွာသားတစ်ဦးက “သူက စစ်တပ်နဲ့ အဆက်အသွယ်ရှိနေပြီး သတင်းပေးလည်း လုပ် တယ်။ အပြောအဆို ကြမ်းတမ်းဆိုးလွန်းလို့ လူမှုကွန်ယက်မှာ ဒလန်မဆိုပြီး လိုင်းပေါ်တောင် အတင်ခံရ သေး တာ” ဟု ပြောသည်။
မေလ ၂၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က မကျည်းကုန်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးရှိ နေအိမ်တွင် ရှိနေသည့် ဒေါ်စုလတ်ဖြူကို ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာသည့် လူ ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက် နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ဆိုသည်။
ဆရာမ ဒေါ်စုလတ်ဖြူ ပစ်သတ်ခံရပြီး နာရီဝက်ခန့်အကြာမှာပဲ စစ်ကောင်စီတပ် ရောက်ရှိလာပြီး အနီးဝန်း
ကျင်ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ပြန်သွားခဲ့သည်ဟု ဆိုသည်။
ကျောင်းအုပ်ဆရာမ အသတ်ခံရသည့် မကျည်းကုန်းကျေးရွာမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မေလ ၂၄ ရက်နေ့က နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လာရောက် တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။